လက်၊ လက်ချောင်းနဲ့ ကိုယ်ခန္ဓာ ဘယ်နေရာမဆိုတုန်တာကို Tremor ခေါ်တယ်။ အသံတုန်တာလဲပါတယ်။ အဓိက (၃) မျိုးရှိတယ်။
- Resting tremor ငြိမ်နေတုံးတုန်တာကို Static tremor လို့ပါခေါ်တယ်။ ငြိမ်တယ်ဆိုတာ ကြွက်သားတွေ မလှုတ်ဘဲနေတာကိုပြောတာပါ။ လှုတ်လိုက်တာနဲ့ မတုန်တော့ဘူး။
- Intention tremors တမင်တကာတုန်တာကို Kinetic tremors လို့လဲခေါ်တယ်။ စိတ်ကနေတမင် လုပ်စရာကိုင်စရာတခုခုလုပ်အပြီးမှာတွန့်တာမျိုး၊ ခလုပ်နှိပ်သလိုမျိုး၊ တခုခုဆီရောက်သွားတတ်တာမျိုး ဖြစ်တယ်။ နားလိုက်ရင် ပြန်ကောင်းသွားမယ်။
- Postural or action tremors အနေအထားအရတုန်တယ်ဆိုတာကမ္ဘာ့ဆွဲအားကိုဆန့်ကျင်ပြီးအနေအထားတခုခုမှာခြေဖြစ်ဖြစ် လက်ဖြစ်ဖြစ်ထားရတာ ကြာလာရင် တုန်တာမျိုးဖြစ်တယ်။ ခွက်တခုခုကိုင်နေရင်း၊ စာရေးနေရင်း၊ မတ်မတ်ရပ်နေရင်း ဖြစ်နိုင်တယ်။
အသက်အရွယ်မရွေး ဖြစ်နိုင်တယ်။ အသက်ကြီးရင် ပိုဖြစ်တယ်။ စိတ်ဖိအားများနေချိန်၊ ပင်ပန်းနေချိန်၊ ကြောက်စိတ်ဝင်နေချိန်၊ ကော်ဖီ-ဆေးလိပ် သောက်တာများချိန်တွေမှာယာယီတုန်တတ်တယ်။ အဲလိုမဟုတ်တာမျိုးကိုအခြေခံရောဂါ ရှိ-မရှိစစ်ဆေးကုသရမယ်။ Essential tremor လို့ခေါ်တာလဲအဖြစ်မနည်းပါ။ လက်ကိုအသုံးမပြုဘဲနေရင် တုန်တာမျိုး။ တခုခုလုပ်တော့မယ် စိတ်ကူးလိုက်တာနဲ့ တုန်လာမယ်။ ရောဂါ မဟုတ်ပါ။ မိသားစုထဲမှာတယောက်မကရှိတတ်တယ်။
- Alcohol abuse or withdrawal အရက်စွဲခြင်းနဲ့ အရက်ဖြတ်ခြင်း၊
- Brain tumor ဦးနှောက် အကျိတ်၊ Brainstem ဦးနှောက်အခြေနဲ့ Cerebellum (ဆယ်ရီဘယ်လန်) နေရာတွေ ထိခိုက်ခြင်း၊
- Chronic kidney disease နာတာရှည် ကျောက်ကပ်ရောဂါ၊
- Dystonia နဲ့ Charcot-Marie-Tooth disease မွေးရာပါရောဂါတွေ၊
- Liver failure အသဲအလုပ်မလုပ်တော့ခြင်း၊
- Low blood sugar သွေးထဲသကြားဓါတ်နည်းနေခြင်း၊
- Magnesium (မက်ဂနီဆီယမ်) နဲ့ Thiamine ဗီတာမင် ဘီ-၁ နည်းခြင်း
- Mercury poisoning ပြဒါးအဆိပ်သင့်ခြင်း၊
- Multiple sclerosis (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါ၊
- Muscle tiredness or weakness ကြွက်သားပင်ပန်းသွားခြင်း၊
- Overactive thyroid လည်ပင်းကြီးဟောမုန်းများရောဂါ၊
- Parkinson’s disease (ပါကင်ဆိုနဇင်) ရောဂါ၊
- Phenylketonuria (PKU) ကလေးရောဂါ၊
- Spider bites ပင့်ကူရှပ်ခြင်း၊
- Stroke (စထုပ်ခ်) ရောဂါ၊
- Drug-induced tremor ဆေးဝါးတွေကြောင့် တုန်ခြင်း
- Anticonvulsants အတက်ရပ်ဆေးများ Valproic acid (Depakote), Sodium valproate (Depakene) ဆေး၊
- Bronchodilators လေပြွန်ကျယ်ဆေးများ Theophylline and Albuterol ဆေး၊
- Immunosuppressants ခုခံအားဆေးများ Cyclosporine ဆေး၊
- Mood stabilizers စိတ်မူပြောင်းကုသဆေးများ Lithium carbonate ဆေး၊
- Stimulants စိတ်ကျွစေသည့်ဆေး Caffeine (ကေဖင်း)၊
- Psychostimulant drug စိတ်ကိုပြောင်းလဲစေသည့်ဆေးများ Amphetamines ဆေး၊
- Corticosteroids (စတီရွိုက်) ဆေးများ၊
- Antidepressants (SSRI) စိတ်မကျဆေးများ။
Tremor ဆိုတာ Involuntary စိတ်ကနေထိန်းမရာတမျိုး ဖြစ်တယ်။ Rhythmic စည်းချက်ကျကျလိုလဲ ဖြစ်နေမယ်။ Muscle contraction and relaxation ကြွက်သားတွေ ညှစ်လိုက်-လျှောလိုက်ဖြစ်နေတယ်။ To-and-fro movements ရှေ့-နောက် လှုတ်ရှားမှု ဖြစ်နေမယ်။ Oscillation တုန်ခါနေမယ်။ Twitching ဆတ်ဆတ်ခါ နေမယ်။ ခေါင်း၊ လက်-ခြေ၊ မျက်နှာ-မျက်ခုံးတကိုယ်လုံးမှာ ဖြစ်နိုင်တယ်။
အတုန်ရောဂါ တခုချင်း
- Cerebellar tremor (ဆယ်ရီဘယ်လာ) တုန်ခြင်းဟာ Intention tremor ဖြစ်တယ်။ Cerebellum resulting from stroke (စထုပ်ခ်) ဖြစ်လိုက်လို့ Cerebellum (ဆယ်ရီဘယ်လမ်) ကိုထိခိုက်လို့ ဖြစ်တယ်။ Multiple sclerosis (မာလ်တီပယ်-စကယ်လရိုးဆစ်) ရောဂါကနေလဲ ဖြစ်နိုင်တယ်။ မွေးရာပါရောဂါ တချို့ကနေလဲ ဖြစ်နိုင်တယ်။ အရက်ကြောင့်လဲ ဖြစ်မယ်။ ဆေးဝါးတချို့ကြောင့်လဲဖြစ်မယ်။ ဦးနှောက်ထဲရောဂါရရင် ဖြစ်တဲ့ ဘက်မှာသာတုန်မယ်။
- Dystonic tremor ဆိုတာအရွယ်မရွေးဖြစ်တယ်။ အနေအထားတခုခုမှာ ဖြစ်တယ်။ တခါတလေနားလိုက်ရင် သက်သာတယ်။
- Essential tremor အများဆုံးဖြစ်တယ်။ အဆိုးကြီးမဟုတ်ပါ။ ကိုယ်ခန္ဓာ တဖက်တည်းဖြစ်ဖြစ် နှစ်ဘက်လုံး ဖြစ်ဖြစ် ဖြစ်နိုင်တယ်။ လက်တုန်တာအဖြစ်များပြီးအသံတုန်တာလဲပါတယ်။ တချို့မှာလမ်းလျှောက်တာလဲခါတိုင်းလိုမငြိမ်ဘူး။ အသက်ရလာရင် အဖြစ်နည်းလာတတ်ပေမဲ့ ဖြစ်တာကဆိုးလာနိုင်တယ်။ စိတ်လှုတ်ရှားတာ၊ စိတ်ဖိအားများတာ၊ ကိုယ်ပူတာ၊ သကြားဓါတ်နည်းတာတွေကနေဆက်ဖြစ်နိုင်တယ်။ အသက် ၄ဝ ကျော်မှာ ဖြစ်တာများတယ်။ အမျိုးထဲမျာလဲရှိနေတတ်တယ်။
- Orthostatic tremor အမျိုးအစားကတုန်နေတာ မြန်တယ်။ မတ်တတ်ရပ်လိုက်တာနဲ့ ကိုယ်နဲ့ ခြေထောက်ပိုင်းမှာ ဖြစ်လာမယ်။ နာနေတာလဲဖြစ်လို့ အရပ်ခိုင်းလို့မရဘူး။
- Parkinsonian tremor ဦးနှောက်ရောဂါကနေဖြစ်စေတယ်။ နားနေတုံးမှာတုန်တယ်။
- Physiologic tremor အခြေခံရောဂါကြောင့်မဟုတ်ဘဲစိတ်ကြောင့်ဖြစ်တယ်။ ဖြစ်နေတာတခါတလေမမြင်ရဘူး။ စိတ်လှုတ်ရှားမှုများတာ၊ သကြားဓါတ်နည်းတာ၊ အားကုန်နေတာ၊ လည်ပင်ကြီးဟော်မုန်းနည်းတာ၊ အရက်၊ ဖျားတာတွေကနေ ဖြစ်နိုင်တယ်။
- Hysterical tremor ကလည်းစိတ်ကြောင့်ဖြစ်တယ်။
- Rubral tremor ဆိုတာနားနေတုံးမှာခပ်ကြမ်းကြမ်းဖြစ်တယ်။ အနေအထားတခုခုမှာဖြစ်တယ်။
Diagnosis ရောဂါသေခြာအောင် လုပ်ရမယ်။
- Physical exam ရောဂါ မေးမြန်းစစ်ဆေးခြင်း၊
- Family history မိသားစုကျန်းမာရေးရာဇဝင်မေးခြင်း၊
- Diagnostic imaging using CT or MRI imaging ရိုက်ခြင်း၊
- Neurological examination အာရုံကြောစစ်ခြင်း၊
- Electromyogram ရိုက်ခြင်း။
Treatment ဘယ်လိုကုသမလဲ
- ခက်ပါတယ်။ မပျောက်နိုင်တာလဲရှိပါတယ်။
- Medications ဆေးတွေထဲမှာ Symptomatic drug therapy ရောဂါလက္ခဏာကိုသာသက်သာစေတယ်။
- Parkinsonian tremor အတွက် L-DOPA and/or Pergolide, Bromocriptine and Ropinirole တွေပေးတယ်။ ဘေးထွက်-ဆိုးကျိုးသတိထားရတယ်။
- Essential tremor အတွက် Beta blockers (Propranolol and Nadolol) or Primidone, Anticonvulsant တွေပေးတယ်။
- Cerebellar tremor အတွက် ဆေးမရှိသေးပါ။
- Rubral tremor အတွက် L-DOPA or Anticholinergic drugs ဆေးနဲ့ Surgery ခွဲစိတ်ကုသနိုင်တယ်။
- Dystonic tremor အတွက် Diazepam, Anticholinergic drugs ပေးတယ်။ Botulinum toxin ထိုးနိုင်တယ်။
- Primary orthostatic tremor အတွက် Diazepam + Primidone တွဲပေးတယ်။
- Enhanced physiologic tremor အမျိုးအစားက ဖြစ်စေတာပြင်ရင် ပျောက်တယ်။ လိုအပ်ရင် Beta blockers ပေးတယ်။
- Essential tremor အတွက် Ethanol ဂအင်စနောလ်) နည်းနည်းပေးတာသက်သာတယ်။ အနုတ်သဘော ဖြစ်တာကိုလဲသတိထားရတယ်။
- Physical therapy ကုသနည်းသုံးနိုင်တယ်။
- Surgery ခွဲစိတ်ကုသနည်းတချို့အတွက် ရှိတယ်။ ဥပမာ Thalamotomy နည်း။
- Deep brain stimulation (DBS) လျှပ်စစ်နည်း။
- Biomechanical loading ကုသနည်းလဲရှိတယ်။
- Lifestyle ဘဝပုံစံပြောင်းပါ။ Caffeine (ကေဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ရှောင်ပါ။ အရက်-ဆေးလိပ် ဖြတ်ပါ။