မင်္ဂလာပါနော်။ ခန္ဓာကိုယ်ကျန်းမာလှပဖို့ gym ကစားတာဟာလည်း မြန်မာနိုင်ငံမှာ ရေစီးကြောင်းတစ်ခုလိုဖြစ်နေပါပြီ။ တစ်လလောက် Plank ထောက်ရင် ဘယ်လိုထိရောက်သလဲဆိုတာကို Challenge ခေါ်ချင်ပါတယ်။
ဘယ်လိုလုပ်ရမလဲဆိုတာကတော့
ပထမတစ်ရက်မှာ စက္ကန့် ၂၀ ကနေစလုပ်ပါမယ်။
၂ ရက်မြောက်နေ့ စက္ကန့် ၂၀
၃ ရက်မြောက်နေ့ စက္ကန့် ၃၀
၄ ရက်မြောက်နေ့ စက္ကန့် ၃၀
၅ ရက်မြောက်နေ့ စက္ကန့် ၄၀
၆ ရက်မြောက်နေ့ နားမယ်
၇ ရက်မြောက်နေ့ ၄၅ စက္ကန့်
၈ ရက်မြောက်ရက် ၄၅ စက္ကန့်
၉ ရက်မြောက်ရက် ၁ မိနစ်
၁၀ ရက်မြောက်ရက် ၁ မိနစ်
၁၁ ရက်မြောက်ရက် ၁ မနစ်
၁၂ ရက်မြောက်ရက် ၁ မိနစ် ၃၀ စက္ကန့်
၁၃ ရက်မြောက်ရက် နားမယ်
၁၄ ရက်မြောက်နေ့ ၁ မိနစ် စက္ကန့် ၄၀
၁၅ ရက်မြောက်နေ့ ၁ မိနစ် စက္ကန့် ၅၀
၁၆ ရက်မြောက်နေ့ ၂ မိနစ်
၁၇ ရက်မြောက်နေ့ ၂ မိနစ်
၁၈ ရက်မြောက်နေ့ ၂ မိနစ် ၃၀ စက္ကန့်
၁၉ ရက်မြောက်နေ့ နားမယ်
၂၀ ရက်မြောက်နေ့ ၂မိနစ် ၃၀ စက္ကန့်
၂၁ ရက်မြောက်နေ့ ၂မိနစ် ၃၀ စက္ကန့်
၂၂ ရက်မြောက်နေ့ ၃ မိနစ်
၂၃ ရက်မြောက်နေ့ ၃ မိနစ်
၂၄ ရက်မြောက်နေ့ ၃မိနစ် ၃၀ စက္ကန့်
၂၅ ရက်မြောက်နေ့ ၃ မိနစ် ၃၀ စက္ကန့်
၂၆ ရက်မြောက်နေ့ နားမယ်
၂၇ ရက်မြောက်နေ့ ၄ မိနစ်
၂၈ ရက်မြောက်နေ့ ၄ မိနစ်
၂၉ ရက်မြောက်နေ့ ၄ မိနစ် စက္ကန့် ၃၀
၃၀ ရက်မြောက်နေ့ ၅ မိနစ်
Plank လေ့ကျင့်ခန်းကတော့ ခန္ဓာကိုယ်တစ်ခုလုံးအတွက်ကောင်းမွန်ပါတယ်။ ခါးကအဆီ၊ လက်မောင်းကအဆီတွေကိုလည်း ကျစေပါတယ်။ ကြည့်လိုက်ရင် လွယ်မယ်လို့ ထင်ရပေမယ့် တကယ်တမ်းလုပ်ကြည့်ရင် အရမ်းခက်တာကိုတွေ့ရမှာပါ။ ကိုယ်ဟန်အနေအထား မှန်မှန်နဲ့ လုပ်ရမှာဖြစ်ပါတယ်။
အရင်ဆုံးမှောက်လျက်လှဲနေပါ။ ပြီးရင် လက်တဒေါင်ကို ထောက်လိုက်ပြီး ခန္ဓာကိုယ်ကို ကြွလိုက်ပါ။ ခြေထောက်ကနေစပြီး ခန္ဓာကိုယ်တစ်ခုလုံးကို တတန်းတည်း ၊ တဖြောင့်တည်း ထားရမှာဖြစ်ပါတယ်။ တင်ကအပေါ် မြင့်နေတာ အောက်ကျနေတာမျိုး မဖြစ်ရပါဘူး။
အခုလို လုပ်ပေးခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ဟန်အနေအထားကိုကောင်းမွန်စေပြီး ၊ဇီဝဖြစ်စဉ်ကိုကျန်းမာစေသလို၊ ကြွက်သားတွေကိုလည်း သန်မာစေပါတယ်။