အံ့အားသင့်ဖွယ် အကျိုးကျေးဇူးများတဲ့ သဘာဝသွားတိုက်ဆေးကို အသုံးပြုပြီးတဲ့နောက်မှာ ဈေးကြီးတဲ့ သွားတိုက်ဆေးကို ဝယ်သုံးချင်တော့မှာမဟုတ်ပါဘူး။
အခုစာဖတ်သူတွေကို မျှဝေပေးမယ့် သွားတိုက်ဆေးကတော့ သွားပိုးစားတာ ၊ သွားဖုံးရောဂါနဲ့ သွားတွေကို ဖြူဖွေးစေမှာဖြစ်ပါတယ်။
ပါဝင်ပစ္စည်းတွေကတော့
သန့်စင်တဲ့ အုန်းဆီ စားပွဲတင်ဇွန်း ၃ ဇွန်း
မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၃ ဇွန်း
ပူစီနံကနေထုတ်တဲ့ ဆီ (Mint Essential Oil) ၁၅ စက်
တမာမှုန့် စားပွဲတင်ဇွန်း ၁ ဇွန်း
Xylitol (ပီကေတွေမှာတွေ့ရတဲ့ သကြားအစားထိုးပစ္စည်း) စားပွဲတင်ဇွန်း ၁ ဇွန်း
မှတ်ချက် ။ ။ Xylitol ကို အရသာကောင်းမွန်စေဖို့ထည့်သွင်းတာဖြစ်ပါတယ်။ တကယ်လို့ စာဖတ်သူတွေ ဝယ်ယူလို့အဆင်မပြေရင် မထည့်လည်းရပါတယ်။ Xylitol ပါတဲ့ ပီကေကို တနေ့ ၁ ခုလောက်ဝါးပေးပါ။ သွားပိုးစားတာကို သက်သာစေပါတယ်။
ပြင်ဆင်ခြင်း
ပါဝင်ပစ္စည်းအားလုံးကို သင့်တော်တဲ့ ခွက်တစ်ခုထဲမှာ ထည့်လိုက်ပါ။ အဲဒီနောက် သေချာအောင်မွှေပေးပြီး အုန်းဆီခဲသွားတဲ့ထိထားပါ။
ဘယ်လိုသုံးမလဲ
အဲဒီသဘာဝသွားတိုက်ဆေးကို ပုံမှန်တိုက်နေကျ သွားတိုက်ဆေးနေရာမှာ အသုံးပြုပေးပြီး တနေ့ကို ၃ ကြိမ် တိုက်ပေးပါ။ သွားတွေဖြူဖွေးလာမှာဖြစ်သလို သွားပိုးစားတာနဲ့ သွားဖုံးရောဂါကိုလည်း သက်သာပျောက်ကင်းစေမှာပါ။