အခုခေတ်မှာ လူသန်းထောင်ပေါင်းများစွာက သွေးတိုးတာတွေနဲ့ သွေးအတွင်း ကိုလက်စထရောဓာတ်တွေများတာကို ရင်ဆိုင်နေရပါတယ်။
ဒီရောဂါတွေကဖြစ်ပြီးရင် တစ်သက်လုံး ထိန်းထိန်းသိမ်းသိမ်းနဲ့ နေထိုင်သွားရမယ့် ရောဂါတွေဖြစ်ပါတယ်။
ဒါကြောင့် သွေးတိုးတာနဲ့ သွေးအတွင်း ကိုလက်စထရောများတာကို လျော့ချပေးနိုင်တဲ့ သဘာဝဆေးကို ဝေမျှချင်ပါတယ်။
ဒီသဘာဝဆေးကို Amish လူမျိုးတွေက အသုံးပြုခဲ့ကြတာ နှစ်ရာနဲ့ကို ချီနေပါပြီ။ ဒီသဘာဝဆေးက အဓိကအားဖြင့် ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပြီး သွေးတိုးတာ၊ ကိုလက်စထရောဓာတ်များတာကို ထိန်းညှိပေးပါတယ်။
ပါဝင်ပစ္စည်းများ
သံပုရာသီး လက်ဖက်ရည်ဇွန်း ၁ဇွန်း
ပန်းသီး ရှာလကာ ရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သွန်ဖြူ ၁မွှာ
ပျားရည် လက်ဖက်ရည် ဇွန်း ၁ ဇွန်း
ပြုလုပ်နည်း
အထက်မှာ ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းများကို ကြိတ်စက်ထဲထည့်မွှေကာ ရေခဲသေတ္တာထဲမှာ သိမ်းထားရင် ၅ ရက်ခန့်သိမ်းထားနိုင်ပါတယ်။ တစ်နေ့ကို လက်ဖက်ရည်ဇွန်း ၁ ဇွန်းသာ စားပါ။