တခါတရံ မနက်စာ စားဖို့ အချိန်မရှိဘဲ အလုပ်သွား ကျောင်းသွားမိရင် အဲ့နေ့အတွက် သေချာ ခေါင်းထဲမှာ ကြည်ကြည်လင်လင်နှင့် အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။ မနက်စာလွတ်သွားတဲ့အတွက် နေ့လည်စာမှာ ပိုစားဖြစ်ပြီး ဒါဟာလည်း ကျန်းမာရေးနှင့် မညီညွတ်ပါဘူး။

နယူးယောက်မြို့က အာဟာရ ပညာရှင် အီရစ်ကာ ဂျီအိုဗင်နာဇို က “မနက်စာမှာ ပရိုတင်းဓာတ်နည်းနည်း၊ အမျှင်ဓာတ်နှင့် ကာဗိုဟိုက်ဒရိုတ် အနည်းငယ်တာပါတဲ့ အစားအစာကို စားသင့်တယ်”လို့ ပြောထားပါတယ်။

ကွေကာအုပ်

ကွေကာအုပ်မှာ Omega-3, Fatty Acids, Folate နှင့် ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အမျှင်ဓာတ်များနှင့် ကာဗိုဟိုက်ဒရိုက် အနည်းငယ်တာ ပါဝင်ပါတယ်။

Fruit and Yogurt Parfait with Granola: Layer fresh fruits, creamy yogurt and crunchy granola for a delicious and healthy breakfast or a simple dessert | aheadofthyme.com

ဒိန်ချဉ်

ခရမ် (Creamy) ဒိန်ချဉ်တွေမှာ ကယ်ဆီယမ်ဓာတ်တွေနှင့် ပရိုတင်း ဓာတ်တွေ ပါဝင်မှုနှုန်းက တခြား သာမန် ဒိန်ချဉ်တွေထက် ၂ ဆ ပိုမို ပါဝင်ပါတယ်။ အဆီဓာတ်မပါဝင်တဲ့ ဒိန်ချဉ်ကို သီးနှံတွေနဲ့ မနက်စာ အဖြစ် တွဲဖက်စားသုံးနိုင်ပါတယ်။

d2ca89c46b8757b4b75ddf89b22a59a4

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝအောင် ပါဝင်တဲ့အပြင် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ကာဗွန်ဟိုက်ဒရိုတ်လည်း ပါဝင်ပါတယ်။ ငှက်ပျောသီးက သွေးကျစေတဲ့အတွက် သွေးတိုးရောဂါရှိသူတွေအတွက် မနက်မှာ ထည့်သွင်းစားသင့်တဲ့ အသီးတစ်မျိုးလည်းဖြစ်ပါတယ်။

ကြက်ဥ

ကြက်ဥမှာ ကျန်းမာရေး နဲ့ ညီညွတ်တဲ့ ပရိုတင်းဓာတ်များနှင့် ဗီတာမင် D တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဖရဲသီး

မနက်အိပ်ယာနိုးထလာတဲ့အခါမှာ ရေဓာတ်ခမ်းခြောက်နေတဲ့ ခန္ဓာကိုယ်အတွက် ဖရဲသီးက အသင့်တော်ဆုံးပါဘဲ။ ဖရဲသီးမှာ Lycopene ဆိုတဲ့ ဓာတ်ပါဝင်ပြီး အမြင်အာရုံ၊ နှလုံးကျန်းမာရေး နှင့် ကင်ဆာ ရောဂါကို ကာကွယ်ပေးပါတယ်။ ဖရဲသီးမှာ ကယ်လိုရီ ၄၀ သာ ပါဝင်ပြီး အစာခြေချိန်မှာလည်း ခန္ဓာကိုယ်အတွင်းရှိ ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။