ရာသီမမှန်တာ ၊ နောက်ကျတာတွေကို ကြုံရတာက မိန်းကလေးတော်တာ်များများပါပဲ။ စိတ်ဖိစီးမှုများတာ ၊ အိပ်ရေးမဝတာ ၊ ဟော်မုန်းမညီမျှတာ စတာတွေက သင့်ဟော်မုန်းပမာဏကို အနှောင့်အယှက်ဖြစ်စေပြီး ရာသီစက်ဝန်းကိုလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့ ။ ဒါတွေကို ကျော်လွှားနိုင်ဖို့နဲ့ သက်သာစေဖို့ ကို အစားအသောက်တချို့က ကူညီနိုင်ပါတယ်။
အခုပြောပြပေးမယ့်အစားအစာတွေက ဟော်မုန်းမျှတမှုကို သဘာဝအတိုင်း ပံ့ပိုးပေးပြီး သင့်ရာသီစက်ဝန်းကို မှန်ကန်စေဖို့ ကူညီပေးနိုင်ပါတယ်။
1. Flaxseeds
Flaxseed မှာ Omega 3 ကြွယ်ဝတာမလို့ ဟော်မုန်းတွေကို ထိန်းညှိပေးပါတယ်။ ဟော်မုန်းဟန်ချက်ညီအောင် ပံ့ပိုးပေးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်များပါရှိပြီး lignan ပါဝင်မှု မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း အီစထရိုဂျင် ပမာဏကို ထိန်းညှိပေးတဲ့အပြင် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ရာသီစက်ဝန်းများကို ပုံမှန်ဖြစ်အောင် ကူညီပေးနိုင်ပါတယ်။
2. သင်္ဘောသီး
သင်္ဘောသီးအစိမ်းမှာ papain လို့ခေါ်တဲ့ အင်ဇိုင်းတစ်မျိုးပါဝင်တာကြောင့် အီစထရိုဂျင်ထုတ်လုပ်မှုကို လှုံ့ဆော်ပေးပြီး သားအိမ်ကြွက်သားတွေကို ကျုံ့စေပါတယ်။ အထူးသဖြင့် ဟော်မုန်းမညီမျှမှုကြောင့်
ရာသီနောက်ကျတာကို လျော့ကျစေပါတယ်။
3. နနွင်း
ဟင်းခက်အမွှေးအကြိုင်ဖြစ်တဲ့ နနွင်းမှာ ဒြပ်ပေါင်း curcumin ပါ၀င်တာကြောင့် ရောင်ရမ်းမှုကို လျှော့ချပေးပြီး ဟော်မုန်းလုပ်ဆောင်ချက်ကို တိုးတက်စေပါတယ်။ နနွင်းကို ပုံမှန်စားပေးရင် ရာသီလာချိန်ကို ထိန်းညှိပေးပြီး ရာသီကြောင့် ကိုက်တာခဲတာကို သက်သာစေပါတယ်။
4. ဂျင်း
ဂျင်းလက်ဖက်ရည်ကို ပုံမှန်သောက်ပေးရင် ရာသီသွေးစီးဆင်းမှုကို ပိုစေပြီး PMS လက္ခဏာများကို သက်သာစေပါတယ်။
5. အစိမ်းရောင်အရွက်များ
ဟင်းနုနွယ်ရွက်၊ ကိုက်လန်နဲ့ တခြားအရွက်စိမ်းစိမ်းတွေမှာ သံဓာတ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရာသီလာချိန်ကို ထိန်းညှိပေးတဲ့အပြင် သွေးဆင်းမှုကိုလည်း ကူညီပေးပါတယ်။
6. Chia Seeds
အမျှင်ဓာတ်၊ ပရိုတင်းဓာတ်နဲ့အိုမီဂါ-၃ တို့ အများအပြားပါဝင်တဲ့ Chia Seeds မှာ သွေးတွင်းသကြားဓာတ်ကို တည်ငြိမ်စေပြီး ဟော်မုန်းရဲ့ လုပ်ဆောင်ချက်များကို တိုးစေပါတယ်။
7. Quinoa
သံဓာတ်၊ ဇင့်နဲ့ ဗီတာမင်ဘီများပါတဲ့ Quinoa က ကာဗိုဟိုက်ဒရိတ်တစ်မျိုးဖြစ်ပြီး ဟော်မုန်းထိန်းညှိမှုကို အထောက်အကူပြုပါတယ်။
8. Beetroot
Beetroot မှာ ဖောလိတ်နဲ့ သံဓာတ် ကြွယ်ဝပြီး တင်ပါးဆုံတွင်းသွေးစီးဆင်းမှုကို အားကောင်းစေပါတယ်။ အသည်းမှ အဆိပ်အတောက်များကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်တွင်းရှိ ပိုလျှံနေတဲ့ အီစထရိုဂျင်ကို ဖယ်ရှားပေးကာ ဟော်မုန်းဟန်ချက်ညီစေဖို့ ကူညီပေးပါတယ်။