အချိုများများစားရင် ကျန်းမာရေးအတွက်မကောင်းဘူးဆိုတာကို လူတိုင်းသိထားကြပါတယ်။ ဒါပေမယ့် ကိုယ်သိထားတာထက်တောင်ပိုပြီး အန္တရာယ်ရှိတယ်ဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ အချိုများများစားရင်သွားပိုးစားနိုင်တယ်ဆိုတာကတော့ အခုပြောမယ့် ပြဿနာတွေနဲ့ယှဉ်လိုက်ရင် မပြောပလောက်တော့ပါဘူး။
၁။အရွယ်မတိုင်ခင် ရုပ်ရင့်စေတယ်။
အသားအရေကို နုပျိုချောမွတ်တင်းရင်းစေတာက Collagen နဲ့ Elastin လိုခေါ်တဲ့အရေပြားပရိုတင်းတွေကြောင့်ပါ။ အချိုအလွန်အကျွံစားသုံးတဲ့အခါမှာတော့ အရေပြားပရိုတင်းတွေနဲ့ဓာတ်ပြုပြီး အဲ့ဒီ့ပရိုတင်းတွေကို ဖျက်ဆီးပစ်တာကြောင့် အရေးပြားခြောက်သွေ့လာကာ အရေးကြောင်းများဖြစ်ခြင်း၊ နေလောင်ဓာဏ်ခံရပြီး အရေပြားထိခိုက်စေခြင်းကိုပါဖြစ်လာနိုင်ပါတယ်။
၂။ရောင်ရမ်းခြင်းကိုဖြစ်စေပါတယ်။
ဝက်ခြံပေါက်တယ်ဆိုတာလည်း အရေပြားရောင်ယမ်းခြင်းတစ်မျိုးပါ။ အချိုများများစားတဲ့အခါ အဆစ်အမြစ်ရောင်ရောဂါလိုမျိုး အခြားရောဂါတွေပါဖြစ်လာနိုင်ပါတယ်။အချိုများတဲ့ ကော်ဖီ၊လက်ဖက်ရည်သောက်တာများတဲ့အခါ လည်ချောင်းနာခြင်း၊ အာသီးရောင်ခြင်းလည်းဖြစ်လာစေပါတယ်။
၃။နှလုံးဆက်စပ်ရောဂါဖြစ်လာနိုင်ပါတယ်။
၂၀ရာစုအချိန်တုန်းက နှလုံးရောဂါရဲ့အရင်းအမြစ်က အဆီဓာတ်ဖြစ်တယ်လို့ ဆေးပညာရှင်တွေက သုံးသပ်ခဲ့တာကြောင့် အဆီဓာတ်လျှော့ချဖို့အရေးပဲ အာရုံစိုက်ခဲ့ကြတယ်။ အချိုလျှော့ဖို့ကို ဂရုမစိုက်မိခဲ့ကြဘူး။ဒါပေမယ့် ၂၁ရာစုလောက်မှာပြုလုပ်ခဲ့တဲ့လေ့လာမှုတွေအရ သကြားဟာ ကိုလက်စထရောနှုန်းကို သိသိသာသာတက်စေတာကြောင့် နှလုံးနဲ့ဆက်စပ်တဲ့ရောဂါတွေဖြစ်ပွားနိုင်လာရတာပါ။ ဒါကြောင့် အချိုလျှော့ချဖို့လည်းလိုအပ်ပါတယ်။
၄။စိတ်ကမောက်ကမဖြစ်စေတယ်။
အချိုစားခြင်းက BDNF ဟိုမုန်းကိုကျဆင်းစေတာကြောင့် စိတ်ဓာတ်ကျခြင်းကိုဖြစ်လာနိုင်စေပါတယ်။ သကြား(သို့)အချိုအလွန်အကျွံစားသုံးခြင်းက စိုးရိမ်ပူပန်ကြောင့်ကြမှုကိုဖြစ်စေတယ်လို့လည်း တချို့လေ့လာမှုတွေကဖော်ပြနေပါတယ်။ ဒီ့အပြင် ဦးနှောက်ဆဲလ်အချို့ကို ယို့ယွင်းစေပြီး မှတ်ဉာဏ်ကျဆင်းစေတယ်လို့လည်းသိရပါတယ်။
အခုဆိုအချိုအလွန်အကျွံစားသုံးခြင်းရဲ့ အန္တရာယ်တွေကို သိရပြီဆိုတော့ အချို (သို့)သကြားစားသုံးမှုကိုတတ်နိုင်သလောက်လျှော့ချပါ။ အဲ့ဒါနဲ့ပဲ လုံးဝမစားရဘူးလို့မဆိုလိုပါဘူး။ အသင့်အတင့်စားပေးတာက တော်ရုံတန်ရုံဘေးဥပါဒ်မဖြစ်စေနိုင်ပါဘူး။ လျှော့စားတော့ပိုကောင်းတာပေါ့။
Source: Brightside
Featured Image Source: Paleo Desserts