သဘာ၀ ဆေးနည်းတွေဆိုတာ တကယ်လည်းအသုံးဝင်ပြီး ရှေးနှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာပါ။ သဘာဝရဲ့ ဆေးစွမ်းကောင်းကို ယုံယုံကြည်ကြည်နဲပ အသုံးပြုနေကြသူတွေလည်းရှိပါတယ်။

Mix-Olive-Oil-and-Lemon-Juice-Like-THIS-to-Cure-What-Ails-You-e1473263096397

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုသီး (သံပုရာသီးလည်း အစားထိုးသုံးပေးနိုင်ပါတယ်။) ကိုအရည်ညှစ်ပြီးစားပွဲတင်ဇွန်း ၁ ဇွန်းရောလိုက်ပါ။

ဒါမှမဟုတ်လည်း လက်ဖက်ရည်ဇွန်း တစ်ဝက်ဆီ ရောပြီးသောက်ပေးပါ။ ပြီးရင် တစ်နေ့ တစ်ကြိမ်လောက် သောက်ပေးမယ်ဆိုရင် အခုဖော်ပြတဲ့ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးရှိလဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ နှလုံးကို ကာကွယ်ပေးတယ်။

သံလွင်ဆီမှာ Fatty Acid တွေအများအပြားပါဝင်ပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေသလို မကောင်းတဲ့ ကိုလက်စထရောကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

၂။ ဝမ်းချုပ်ခြင်းကို သက်သာစေတယ်။

SQUEEZE-1-LEMON-WITH-1-TABLESPOON-OLIVE-OIL-AND-YOU-WILL-REMEMBER-ME-FOR-THE-REST-OF-YOUR-LIFE

သံလွင်ဆီနဲ့ သံပုယိုရည်ရောပြီးသောက်ပေးမယ်ဆိုရင် အစာချေစနစ်ကိုကောင်းမွန်စေပြီး ဝမ်းချုပ်ခြင်းကို သက်သာစေသလို တခြား အစာခြေစနစ်နဲ့ ပတ်သတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ပါတယ်။ သင့်ရဲ့ ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဟာရစုပ်ယူမှုကို အားကောင်းစေပါတယ်။

၃။ ရောင်ရမ်းမှုကို သက်သာစေတယ်။

ရောင်ရမ်းမှုကို သက်သာပျောက်ကင်းစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အဆစ်အမြစ်ရောင်ရမ်းနာကျင်တာ၊ ဂေါက်ရောဂါ စတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေပါတယ်။

၄။ အသည်းနဲ့ သည်းခြေကို ကျန်းမာစေတယ်။

အဆိပ်အတောက်ကင်းစင်စေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ သင့်ခန္တာကိုယ်အတွင်း ကအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အသည်းနဲ့ သည်းခြေကိုလည်း ကျန်းမာစေပါတယ်။

၅။ လက်သည်းကိုသန်မာစေပြီး အသားအရေကို လှပစေတယ်၊ ဆံကေသာကို သန်စွမ်းစေတယ်။

သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ သံပုယိုရည် စားပွဲတင်ဇွန်း ၁ ဇွန်းရောပြီး လက်သည်းကို ၁၀ မိနစ်လောက်စိမ်ထားရင် လက်သည်းသန်မာပြီး အရှည်မြန်စေပါတယ်။

ညအိပ်ယာမဝင်ခင်မျက်နှာကို လိမ်းပေးရင်လည်း အသားအရေကြည်လင်စေပါတယ်။

ဆံကေသာအတွက်လည်း အသုံးပြုပေးနိုင်ပါတယ်။