ခြေသည်းမှာ မှိုစွဲတာ ကြည့်ရရုပ်ဆိုးသလို ဆွဲဆောင်မှုကိုလည်း လျှော့ကျစေပါတယ်။ အဲဒီလို မှိုစွဲတာဟာ အမျိုးသားအမျိုးသမီးမရွေးဖြစ်နိုင်တဲ့အရာပါ။
မှိုဟာ ပူးနွေးတဲ့နေရာ ၊ စိုထိုင်းတဲ့နေရာတွေမှာ ရှင်သန်ကြပါတယ်။ ခြေသည်းတွေမှာမှိုစွဲတာဟာ ခြေသည်းထဲမှာ (သို့) ခြေသည်းပေါ်မှာ မှိုကြီးထွားလာတာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ ခြေသည်းလက်သည်းဆိုးတဲ့ဆိုင်တွေကို သွားတဲ့အခါ သူတို့သုံးတဲ့ ပစ္စည်းတွေက ထပ်သလဲလဲသုံးထားတဲ့ ပစ္စည်းတွေဖြစ်နေရင်လည်း မှိုရောဂါကူးစက်နိုင်ပါတယ်။ အဓိကကတော့ ခြေသည်းလက်သည်းညှပ်တဲ့ ကိရိယာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒါပေမဲ့စိတ်မပူပါနဲ့ ခြေသည်းမှာမှိုစွဲတာကို သဘာဝနည်းလမ်းနဲ့ ဖယ်ရှားနိုင်ပါတယ်။
ဒိန်ချဉ်
ဒိန်ချဉ်ဟာ ဘက်တီးရီးယားပိုးမွှားတွေကို သေစေနိုင်ပါတယ်။ ခြေသည်းနဲ့ ခြေထောက်ကြားမှာ ရှင်သန်နေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပစ်ရာမှာ အသုံးပြုနိုင်ပါတယ်။ ဒိန်ချဉ်မှာ Microorganism တွေပါဝင်ပြီး မှိုကူးစက်တာတွေကို ထိထိရောက်ရောက် ဖယ်ရှားပစ်နိုင်ပါတယ်။
ဒိန်ချဉ်ကို ခြေသည်းနဲ့ ခြေထောက်ပေါ်မှာလိမ်းပေးပြီး ခြောက်အောင်ထားပါ။
ခြောက်သွားပြီဆိုရင် ရေအေးနဲ့ဆေးချလိုက်ရုံပါပဲ။
Hydrogen Peroxide
နောက်တစ်နည်းကတော့ ဟိုက်ဒိရိုဂျင်ပါအောက်ဆိုက်ကိုအသုံးပြုရမှာပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်နဲ့ ရေအေးကိုရောပြီး ခြေထောက်ပေါ်လိမ်းပေးရမှာဖြစ်ပါတယ်။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် ၁၀၀ မီလီလီတာကို ရေ ၁ လီတာရောပြီး ခြေထောက်ပေါ်မှာ မိနစ် ၂၀ လောက်လိမ်းပေးရမှာဖြစ်ပါတယ်။ ဒီနည်းလမ်းကို မနက်ခင်းတိုင်းမှာ ပြုလုပ်ပေးသင့်ပါတယ်။
ပြောင်းဖူးကော်မှုန့် (Corn Starch)
ခြေသည်းမှာ မှိုစွဲတာတွေအတွက် ပြောင်းဖူးကော်မှုန့်ကို အသုံးပြုနိုင်ပါသေးတယ်။ ပြောင်းဖူးကော်မှုန့် စားပွဲတင်ဇွန်း တစ်ဝက်လောက်ကို ရေနွေးအနည်းငယ်နဲ့ရောပြီး ခြေထောက်နဲ့ ခြေသည်းတွေပေါ်မှာ လိမ်းပေးရမှာပါ။ ခြောက်သွားပြီဆိုရင် ရေနဲ့ ဆေးချလိုက်ရုံပါပဲ။