အရင်က အသက်ကြီးတဲ့သူတွေဘဲ သည်းခြေအိတ်မှာ ကျောက်တည်တာတွေကို ခံစားရပေမယ့် အခုဆိုရင် လူလတ်ပိုင်းတွေမှာတောင် ကျောက်တည်တာတွေ ဖြစ်ပွားနေတာတွေ့ရပါတယ်။

ဒါ့ကြောင့် သည်းခြေအိတ်မှာ ကျောက်တည်တာတွေကို ကာကွယ်၊ ပျောက်ကင်းသက်သာစေတဲ့ အိမ်တွင်းဆေးနည်းလေးကို မျှဝေပေးချင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာဆိုတာ ဘာလဲ

မာကျောတဲ့ ကျောက်ခဲလုံးလေးတွေမျိုးဖြစ်ပြီး သည်းခြေအိတ်ထဲမှာ ရှိနေပါတယ်။ ကိုလက်စထရောတွေ သို့မဟုတ် ဆားဓာတ်တွေ ခန္ဓာကိုယ်ထဲမှာ များလာရင်းနဲ့ ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်လာပါတယ်။

ကျောက်ရဲ့ အရွယ်အစားက မျိုးစုံရှိနေပြီး တချို့ဆိုရင် တင်းနစ် ဘောလုံးအရွယ်အထိ ရှိနေနိုင်ပါတယ်။

သည်းခြေအိတ်မှာ ကျောက်တည်တာကို ကာကွယ်၊ ကုသနိုင်ဖို့

ပါဝင်ပစ္စည်းများ

နနွင်း လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းရဲ့ တစ်ဝက်

ပြုလုပ်နည်း

နနွင်း ကို ပျားရည်နဲ့ရောပြီး နေ့တိုင်းစားပေးရင် သည်းခြေအိတ်မှာ ကျောက်တည်တာတွေကို ကာကွယ်ပေးပြီး ကျောက်ရှိနေရင်လည်း သက်သာ ပျောက်ကင်းစေပါတယ်။