စားလို့ရတဲ့ အစေ့တွေဖြစ်တဲ့ (ဥပမာ ဖရုံစေ့တို့ကို) လှော်ပြီး စားသင့်ပါတယ်။ လှော်ထားတဲ့ အစေ့တွေမှာ

  • အမျှင်ဓာတ်တွေပိုပြီး ပါဝင်ပါတယ်။ ခွက်တစ်ခွက်ရဲ့ ၄ ပုံ၁ပုံလောက်ဘဲရှိတဲ့ အစေ့တွေမှာဆိုရင် အမျှင်ဓာတ် ၄ ဂရမ်လောက်ပါဝင်ပါတယ်။
  • လှော်ထားတဲ့ အစေ့တွေမှာ ပရိုတင်းဓာတ်တွေ ကြွယ်ဝစွာပါဝင်ပြီး ခွက်တစ်ခွက်ရဲ့ ၄ ပုံ ၁ပုံလောက်ရှိတဲ့ အစေ့တွေမှာတောင် ပရိုတင်းဓာတ် ၃ ဂရမ်လောက်ပါဝင်ပါတယ်။

ဗရုံစေ့ တစ်နေ့ကို လက်တစ်ဆုပ်စာစားရင် ကင်ဆာနဲ့ တခြား ရောဂါတွေကို ကာကွယ်နိုင်

  • အစေ့တွေက ဗီတာမင်ဓာတ်နဲ့ သတ္တုဓာတ်တွေ၊ သံဓာတ်၊ ဖော်လစ်၊ ပိုတက်ဆီယမ်၊ ကယ်ဆီယမ်နဲ့ ဇန့်ဓာတ်တို့ ကြွယ်ဝပါတယ်။
  • လှော်ထားတဲ့ အစေ့ တစ်အောင်စမှာ သံဓာတ် 4 mg လောက်ပါဝင်ပါတယ်။
  • အခွံမာအသီးတွေနဲ့ အလက်ဂျစ်ရှိသူတွေကလည်း အစေ့တွေကို လှော်စားသင့်ပါတယ်။
  • ကွေကာအုပ်၊ ဟင်းချို၊ အသုတ်တွေထဲကိုလည်း လှော်ထားတဲ့ အစေ့လေးတွေ အနည်းငယ်ထည့်သင့်ပါတယ်။
  • လှော်ထားတဲ့ အစေ့တွေကိုမှ သံလွင်ဆီ၊ ဆား တို့နဲ့ ပြန်လှော်ရင် ကလေးတွေအတွက် အဆာပြေစာ အဖြစ် စားသုံးလို့ရပါတယ်။

လှော်ပုံလှော်နည်း

အရင် ကိုယ်လှော်နေကျပုံစံအတိုင်းလည်း လှော်နိုင်သလို အခုပြောပြထားတဲ့ပုံစံအတိုင်းနဲ့ လုပ်ဆောင်နိုင်ပါတယ်။

Pumpkin Seeds

ပါဝင်ပစ္စည်း

  • အစေ့ တစ်ခွက်နဲ့ တစ်ဝက် (1.5 Cups) (ဖရုံစေ့ စတဲ့ စားလို့ရတဲ့ အစေ့အများ)
  • ဆား လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ရှာလကာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ဇီရာစေ့ လက်ဖက်ရည်ဇွန်း တစ်ဝက်
  • သံလွင်ဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြုလုပ်နည်း

ဖော်ပြထားတဲ့ ပါဝင်ပစ္စည်းများကို ဇလုံးတစ်ခုထဲမှာ နှံ့စပ်အောင် မွှေလိုက်ပါ။ ပြီးရင် ၁၀ မိနစ် ဒယ်အိုးထဲထည့်ပြီး မီးပြင်းပြင်းနဲ့ လှော်လိုက်ပါ။ အစေ့တွေ ရွှေညိုရောင်ဖြစ်တဲ့အထိ လှော်ပါ။ ပေါက်ပေါက်ဖောက်သံလေးတွေ ကြားလာရင် ကျက်ပါပြီ။ စားလို့ရပါပြီ။