အခုပြောပြမယ့် စားသောက်ပုံစံတွေက အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ စစ်တပ်မှာ ခန္ဓာကိုယ်ကြံ့ခိုင်ဖို့ လေ့ကျင့်ပေးတဲ့အခါမှာ သုံးလေ့ရှိတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။
အခုလို စားသောက်ပြီး ၃ ရက်အကြာမှာတော့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထောက်ပံ့ပေးကာ အဆီတွေကို လောင်ကျွမ်းစေပြီး စွမ်းအင်တွေထုတ်လုပ်ပေးမှာဖြစ်ပါတယ်။
ပထမနေ့
မနက်စာ
- မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
- မြေပဲနဲ့ လုပ်ထားတဲ့ ထောပတ် (Peanut Butter) လက်ဖက်ရည်ဇွန်း ၂ ဇွန်း
- Grapefruit တစ်ခြမ်း
- လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် (ကဖိန်းဓာတ်ပါတဲ့)
နေ့လယ်စာ
- မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
- တူနာငါး ခွက်တစ်ဝက်
- လက်ဖက်ရည် သို့မဟုတ် ကော်ဖီ တစ်ခွက် (ကဖိန်းဓာတ်ပါတဲ့)
ညစာ
- အစိမ်းရောင်ပဲ တစ်ခွက်
- ကြိုက်နှစ်သက်တဲ့အသား ၃ အောင်စ
- ပန်းသီး သေးသေး ၁လုံး
- ငှက်ပျောသီး တစ်လုံးရဲ့ တစ်ခြမ်း
- ဗန်နီလာ ရေခဲမှုန့် တစ်ခွက်
ဒုတိယနေ့
မနက်စာ
- မီးကင်ထားတဲ့ ပေါင်မုန့် တစ်ချပ်
- ကြက်ဥ ၁ လုံး
- ငှက်ပျောသီး တစ်လုံးရဲ့ တစ်ခြမ်း
နေ့လည်စာ
- ကျက်ကျက်ပြုတ်ထားတဲ့ ကြက်ဥ ၁ လုံး
- Cottage Cheese တစ် ခွက်
- Saltine Crackers ၅ ချပ်
ညစာ
- ပြုတ်ထားတဲ့ ကြက်အူချောင်း သို့ ဝက်အူချောင်း ၂ ချောင်း
- မုန်လာဥနီ ခွက် ၁ ဝက်
- ပန်းဂေါ်ဖီ စိမ်း ၁ ခွက်
- ငှက်ပျောသီး ၁လုံးရဲ့ တစ်ဝက်
- ဗန်နီလာ ရေခဲမှုန့် ခွက်တစ်ဝက်
တတိယမြောက်နေ့
မနက်စာ
- ချီးစ် ၁ ချပ်
- Saltine crackers ၅ ချပ်
- ပန်းသီးအသေး တစ်လုံး
နေ့လည်စာ
- ပေါင်မုန့်မီးကင် ၁ချပ်
- ကျက်အောင် ပြုတ်ထားသည့် ကြက်ဥတစ်လုံး
ညစာ
- တူနာငါး ၁ ခွက်
- ငှက်ပျောသီး ၁လုံးရဲ့ တစ်ဝက်
- ဗန်နီလာ ရေခဲမှုန့် ခွက်တစ်ဝက်
ကျန်းမာရေး ခြူခြာတဲ့သူများကတော့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှ စားသုံးသင့်ပါတယ်။