Copper (ကြေးနီသတ္တု) က ဗီတာမင်နဲ့သတ္တုအမျိုးအစားတစ်ခုဖြစ်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့အရာပါ။ ဒါပေမဲ့ copper များတာက liver (အသည်း) နဲ့ brain (ဦးနှောက်) တွေထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် အသည်းရောဂါရှိသူတွေမှာ ပိုမိုဂရုစိုက်ဖို့လိုပါတယ်။

ခန္ဓာကိုယ်ရဲ့ ကြေးနီလိုအပ်ချက်က ၁ မီလီဂရမ် (1mg) လောက်ဖြစ်ပြီး ကြေးနီပါဝင်မှုများတဲ့ အစားအစောတွေကို အများကြီးစားမိရင်တော့ ခန္ဓာကိုယ်မှာ ကြေးနီပမာဏ မြင့်မားလာနိုင်ပါတယ်။ လူအများစုအတွက်ကတော့ ကြေးနီပါဝင်မှုနည်းတဲ့အစားအစာတွေကို ပုံမှန်စားပေးရင် လုံလောက်ပါတယ်။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအစာတွေကို မျှတအောင်စားပေးဖို့ အရေးကြီးပါတယ်။

ဒါကတော့ ကြေးနီပါဝင်မှုနည်းပါးတဲ့အစားအစားတွေပါ။

ဟင်းသီးဟင်းရွက်များ – မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ တရုတ်နံနံ၊ သခွားသီး၊ ပန်းဂေါ်ဖီ၊ ပဲတီစိမ်း၊ ခရမ်းချဉ်သီး၊ ဆလတ်၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီးစိမ်း၊ ဟင်းနုနယ်ရွက်၊ အေးခဲထားသည့် ဟင်းသီးဟင်းရွက်များ၊

အသီးအနှံများ – ပန်းသီး၊ ဘလူးဘယ်ရီသီး၊ ချယ်ရီသီး၊ စတော်ဘယ်ရီခြောက် (၃ ခွက်အထိ)၊ စပျစ်သီး၊ လိမ္မော်သီး၊ မက်မွန်သီး၊ ဇီးသီး၊ ဖရဲသီး၊ စတော်ဘယ်ရီ၊ ဖရဲသီး ၊

ပေါင်မုန့်နှင့် အစေ့အဆန်များ – ပေါင်မုန့်ဖြူ ၊ White Pasta ၊ ဆန်ဖြူ ၊ Oat Cereals ၊ Rice Cereals

နို့ထွက်ပစ္စည်း – ဗာဒံနို့ ၊ ဒိန်ခဲ၊ အိမ်တွင်းဒိန်ခဲ၊ ဒိန်ချဉ်၊ အေးခဲထားသော ဒိန်ချဉ် ၊ ခရင်မ်၊ နို့ထွက်ပစ္စည်းမဟုတ်သော ခရင်မ်များ

ပရိုတင်းများ – ကြက်ဥ၊ ကြက်သား ၊ bacon ၊ တူနာငါး၊ ငါးမန်း၊

Beverages – ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်များ