ချိုင်းကြားအသားအရေပျက်ဆီးတာဟာ ကျားမမရွေးဖြစ်တတ်ပါတယ်။ ကိုယ်သုံးတဲ့ ချိုင်းအလှဆီတွေ ချိုင်းမွှေးရိတ်တဲ့ ခရင်မ်တွေကြောင့်လည်း ဆဲလ်သေတွေဖြစ်ပေါ်လာပြီး ချိုင်းမဲတာမျိုးဖြစ်တာပါ။
ချိုင်းကြားအရေကို ပြန်လည်ဖြူဖွေးလာစေပြီး ယုံကြည်မှုရှိရှိ နေထိုင်နိုင်ဖို့ သဘာဝပစ္စည်းလေးတွေက ကူညီပေးနေပါတယ်။
၁။ သံပုယိုသီး
သံပုယိုသီးကိုခွဲပြီး ညိုမဲနေတဲ့ ချိုင်းသားပေါ်မှာ စက္ကန့်အနည်းငယ်လောက် ပွတ်လိမ်းပေးပါ။ ပြီးရင်ရေနဲ့ဆေးချပါ။ သံပုယိုသီးမှာ အက်ဆစ်ဓါတ်ပါဝင်လို့ အသားအရေးကို ဖြူဖွေးလာစေမှာပါ။ အခုလို နည်းလမ်းလေးအတိုင်း နေ့စဉ်အချိန်မှန်ပြုလုပ်ပေးပါ။ ဓါတ်မတည့်တဲ့အရေပြားမျိုး (သို့) ထိလွယ်ရှလွယ်တဲ့ အသားအရေမျိုးဖြစ်တယ်ဆိုရင်တော့ ဒီနည်းလမ်းကို ရှောင်ရှားပေးသင့်ပါတယ်။
၂။ မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါကိုရေနဲ့ အနည်းငယ်ရောပြီး မဲနေတဲ့နေရာမှာ လိမ်းပေးပါ။
၃။ အာလူး
အာလူးကို ပါးပါးလှီးပြီး ချိုင်းကြားမှာ ၁၀ မိနစ်လောက် ညှပ်ထားပေးပါ။ အဲဒီလို တစ်နေ့ ၂ ကြိမ်လုပ်ပေးပါ။
၄။ သခွားသီး
သခွားသီးကို လှီးပြီး ချိုင်းမှာပွတ်လိမ်းပေးကာ ၁၀ မိနစ်လောက်ထားပါ။ ပြီးရင်ရေဆေးချပါ။ အဲဒီလိုနည်းလမ်းအတိုင်း တစ်နေ့ ၂ ကြိမ်လုပ်ပေးပါ။
၅။ လိမ္မော်ခွံ
ခြောက်နေတဲ့ လိမ္မော်ခွံကို ဖျော်စက် (Blender) ထဲထည့်ပြီး အမှုန့်ကြိတ်လိုက်ပါ။ ပြီးရင်နွားနို့ထည့်ပါ။ ပျစ်ပျစ်လေးဖြစ်အောင်ဖျော်ရမှာဖြစ်ပြီး အရည်ကျဲလို့မရပါဘူး။ အဲဒီအရည်ကို ချိုင်းကြားအသားအရေမှာလိမ်းပေးပြီး ၁၀ မိနစ်လောက်ထားကာ ရေဆေးချပါ။
၆။ သဘောၤသီး
ပျက်ဆီးနေတဲ့ ချိုင်းကြားအသားအရေပေါ်မှာ သင်္ဘောသီးကို ပြဲအောင်လုပ်ပြီး မိနစ် ၁၀ လောက်လိမ်းပေးပါ။ ပြီးရင်ရေဆေးချပါ။
ချိုင်းကြားအသားအရေအပြင် ဒူး၊ တဒေါင်ဆစ်မဲ တာတွေအတွက်လည်း အသုံးပြုနိုင်ပါတယ်။