မိုးတွင်းရောက်လာတာနဲ့ ယင်ကောင်တွေအများကြီး တွေ့လာရပါပြီ။ ယင်ကောင်တွေက အနှောင့်အယှက်ပေးသလို သူတို့မှာပါလာတော့ ပိုးတွေကြောင့် ကျန်းမာရေးတွေလည်း ထိခိုက်နိုင်ပါတယ်။ ယင်နားစာတွေ စားရင် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ယင်ကောင် ပြဿနာကို ဖြေရှင်းနိုင်တဲ့ သဘာဝနည်းလမ်းကို ဝေမျှချင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက Volatile ကွန်ပေါင်းတစ်ခုကို ထုတ်လွှင့်ပြီး ယင်ကောင်တွေက အဲ့ဒီ အနံ့ကို မကြိုက်တာကြောင့် ကြက်သွန်ဖြူရှိတဲ့နေရာကနေ ဝေးဝေးပြေးမှာဖြစ်ပါတယ်။

ဒါကြောင့် ထမင်းစားတဲ့ စားပွဲပေါ်မှာ ကြက်သွန်ဖြူကို သေးသေးလေးတွေ စိပ်ပြီး တင်ထားလိုက်ပါ။ ဒါဆိုရင် ယင်တွေ လာနားတဲ့ ပြဿနာကို ဖြေရှင်းပြီးသား ဖြစ်မှာပါ။

ပန်းသီး ရှာလကာရည်

ပန်းသီးရှာလကာရည်မှာပါတဲ့ Acidic ကွန်ပေါင်းကလည်း ယင်ကောင်တွေကို ပြေးစေပါတယ်။ ယင်ကောင်တွေကို ပန်းသီးရှာလကာရည်ဖြန်းလို့ရသလို၊ ကိုယ်ယင်ကောင်မလာစေချင်တဲ့နေရာတွေမှာလည်း ပန်းသီးရှာလကာရည်ကို ပန်းကန်လေးထဲထည့်ပြီး ထားထားလိုက်ပါ။

Vodka အိတ်

အိမ်ထဲမှာဖြစ်ဖြစ် ကိုယ်ယင်ကောင်မလာစေချင်တဲ့နေရာနားမှာ ပလပ်စတစ်အိတ်လေးထဲကို Vodka ထည့်ပြီး ချိတ်ဆွဲထားပါ။

Vodka မရှိရင်လည်း ရေလည်း အသုံးပြုလို့ရပါတယ်။

အလင်းက အဲ့ဒီ အိတ်ကို ဖြတ်ပြီး အလင်းပြန်တာကြောင့် ယင်ကောင်တွေအဲ့ဒီ အနားလာတော့မှာမဟုတ်ပါဘူး။ အကယ်၍ သင့်အပေါ်မှာ လာနားနေတယ်ဆိုရင်လည်း Vodka အစက်လေးတွေ အနည်းငယ်လောင်းပေးရင် Vodka အနံ့ကို သူတို့မကြိုက်တဲ့အတွက် ထွက်ပြေးပြီးပြန်လာတော့မှာ မဟုတ်ပါဘူး။