အရှေ့တောင်အာရှမှာ အဓိကတွေ့ရတဲ့ ပိန်းဥ မြန်မာပြည်မှာလည်း အရမ်းကိုပေါတဲ့ ပိန်းဥပါနော်။ ပိန်းဥကိုစားပေးရင် ဘယ်လိုအကျိုးကျေးဇူးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

ပိန်းဥကို ပြုတ်ပြီးစားရင်လည်းအရသာရှိပြီး အမျိုးမျိုးချက်စားကြလေ့ရှိပါတယ်။ ပိန်းဥရေခဲမုန့်ဆိုရင် ရေခဲမုန့်တွေထဲမှာ တော်တော်ရောင်းအားကောင်းတာတဲ့။

စာဖတ်သူတွေထဲမှာလည်း ပိန်းဥကြိုက်တဲ့သူရှိမယ်လို့မျှော်လင့်ပါတယ်နော်။

သွေးဖိအားကျစေခြင်း

ပိန်းဥမှာ ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး တခြားသတ္တုဓါတ်တွေလည်းပါဝင်လို့ သွေးဖိအားကို တည်ငြိမ်စေပါတယ်။ သွေးဖိအားများတဲ့သူတွေလည်း စားလို့ရပါတယ်။

ကိုယ်ခံအားစနစ်ကောင်းမွန်စေခြင်း

ဗီတာမင် C ကြွယ်ဝစွာပါဝင်ပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးခြင်း

ပိန်းဥကိုစားပေးခြင်းအားဖြင့် နှလုံးကိုကျန်းမာစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို လျှော့ချပေးနိုင်ပါတယ်။

ကိုယ်အလေးချိန်ကျစေခြင်း

ပိန်းဥဟာ ကိုယ်အလေးချိန်ကျစေနိုင်တဲ့ အသီးအရွက်တစ်မျိုးပါပဲ။အဆီဓါတ်မပါဘဲ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့လည်း ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန်ကို ကျစေမှာပါ။

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ခြင်း

အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်လို့ အူမကြီးနဲ့ အစာအိမ်ကို ကျန်းမာစေပါတယ်။ အမျှင်ဓါတ်များတဲ့အစားအစာကို စားပေးတာဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျှော့ချပေးနိုင်သလို ကိုလက်စထရော ပါဝင်မှုကိုလည်း လျှော့ချပေးပါတယ်။

Amino Acid နဲ့ Omega 3 ပါဝင်ခြင်း

Amino Acid ၁၇ နှစ်မျိုးကျော်ကို ပိန်းဥမှာတွေ့ရသလို Omega 3 နဲ့ Omega 6 ကိုလည်း တွေ့ရပါတယ်။ ဒါ့ကြောင့် နှလုံးကျန်းမာရေးကို အထူးကောင်းမွန်စေပြီး ကင်ဆာကာကွယ်ပေးနိုင်သလို တခြားကျန်းမာရေးအကျိုးကျေးဇူးတွေလည်း ရှိပါတယ်။

အိုမင်းရင့်ရော်မှုကိုကာကွယ်ပေးခြင်း

ဗီတာမင် C ကြွယ်ဝစွာပါဝင်လို့ အသားအရေကိုနုပျိုစိုပြေစေပြီး အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်ပါတယ်။