ဗုံလုံသီးဟာ နွယ်ပင်အမျိုးအစားဖြစ်ပြီးတော့ အသီးက ရှည်မျောမျောဖြစ်ပါတယ်။ ဗုံလုံသီးကို အမျိုးမျိုးချက်စားကြပြီး မြန်မာတို့ ကြိုက်ကြတဲ့အသီးတစ်မျိုးဆိုလည်းမမှားပါဘူး။
ဗုံလုံသီးကို ပဲလင်းမြွေသီးလိုလည်းခေါ်ကြပြီး အင်္ဂလိပ်လိုတော့ Snake Gourd လို့ခေါ်ပါတယ်။ ဗုံလုံသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးချင်ပါတယ်။
အဖျားပျောက်တယ်။
ဗုံလုံသီးကိုစားတာဟာ အဖျားပျောက်စေပါတယ်။
ဆီးချို
ဆီးချိုသမားတွေအတွက် စားသုံးလို့ရပါတယ်။ ဗုံလုံသီးအမြစ်ကို ဆေးဖော်ပြီး ဆီးချိုအတွက် အသုံးပြုကြပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါးတာကြောင့်လည်း အကျိုးထူးစေပါတယ်။
နှလုံးခုန်မမှန်တာသက်သာစေတယ်။
ကိုယ်လက်လေ့ကျင့်ခန်းလုပ်လို့ အမောမခံနိုင်တာ၊ နှလုံးခုန်မမှန်တာတွေအတွက် ဗုံလုံသီးကိုစားပေးနိုင်ပါတယ်။ ဗုံလုံသီးပြုတ်ရည်ကိုသောက်ပေးပါ။
အစာချေစနစ်ကိုကောင်းမွန်စေခြင်း
အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပြီး အစာချေစနစ်ကိုကောင်းမွန်စေပါတယ်။ ရေဓါတ်မြင့်မားစွာပါဝင်လို့လည်း ရေဓါတ်ခံခြောက်မှုကနေ ကာကွယ်ပေးနိုင်သလို အဆိပ်အတောက်တွေကို ကင်းစင်စေပါတယ်။
ဘောက်ထတာကိုသက်သာစေတယ်
ဗုံလုံသီးကိုကြိတ်ပြီး ရလာတဲ့အရည်ကို ဦးရေပြားပေါ်မှာလိမ်းမယ်ဆိုရင် ဘောက်ထတာကို သက်သာပျောက်ကင်းစေပါတယ်။
အသားဝါခြင်း
ဗုံလုံသီးဟာ အသားဝါဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အရွက်ကို နံနံစေ့နဲ့ရောပြုတ်ပြီး တစ်နေ့ ၃ ခါသောက်ပါ။