ကြာပန်းပွင့်လို့ ကြာသီးသီးရင် ခူးစားဖြစ်ကြလားရှင့်။ ကြာသီး/ ကြာစေ့ပေါ်ချိန်ဆိုရင် ခူးပြီးရောက်တာတွေ့ရပါတယ်။ အဲလိုရောင်းရင်ကောဝယ်စားဖြစ်ရဲ့လား။ ကြာသီးကို အပေါ်ကအခွံခွာပြီး အထဲကအစေ့ကိုစားရတာဟာ ချိုစိမ့်လေးနဲ့ တမျိုးလေးအရသာရှိပါတယ်။
ကြာသီးမှာ Antioxidant တွေကြွယ်ဝစွာပါဝင်ပြီး ရောင်ရမ်းမှုကိုသက်သာစေသလို အိုမင်းရင့်ရော်မှုကို တားဆီးပေးနိုင်ပါတယ်။ သွေးတိုးရှိသူတွေလည်း သွေးကျစေဖို့ စားသုံးပေးနိုင်တဲ့အသီးပါ။ ကြာသီး/ကြာစေ့ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ကြည့်လိုက်ရအောင်နော်။
အိပ်မပျော်ခြင်းကို ကုသပေးတယ်
အိပ်မပျော်တာ မကြာခဏဆိုသလိုနိုးတာဟာ အသက်ကြီးတဲ့သူတွေ၊ အလုပ်များ စိတ်ဖိစီးမှုများသူတွေမှာဖြစ်လေ့ရှိပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေ များစွာရှိစေပါတယ်။ ကြာသီးကိုစားပေးတာဟာ အိပ်မပျော်တာကိုကုသပေးပြီး ကောင်းမွန်စွာအိပ်စက်အနားယူစေပါတယ်။
ဆီးချိုလူနာတွေအတွက်
ကယ်လိုရီပါဝင်မှုနည်းပြီး အမျှင်ဓါတ်ပါဝင်မှုများတာကြောင့် သွေးတွင်းသကြားဓါတ်ပါဝင်မှုကို လျှော့ကျစေပါတယ်။ အရသာရှိတဲ့သရေစာအဖြစ်စားသုံးပေးနိုင်ပါတယ်။
အိုမင်းရင့်ရောက်မှုကိုတားဆီးပေးခြင်း
ကြာစေ့/ကြာသီးဟာ အိုမင်းရင့်ရော်မှုကိုတားဆီးပေးနိုင်တဲ့အင်ဇိုင်းဓါတ်တစ်မျိုးပါဝင်ပြီး ပျက်ဆီးသွားတဲ့ ပရိုတင်းဓါတ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။
ဝမ်းပျက်ခြင်းကိုကုသပေးခြင်း
အရသာရှိတဲ့ ကြာသီးဟာ ဝမ်းလျှောဝမ်းပျက်တာကို သက်သာစေပါတယ်။
သွေးဖိအားကျစေခြင်း
သွေးတိုးရှိတဲ့သူတွေ စားပေးလို့ရပါတယ်။
ဆီးဆိုင်ရာပြဿနာတွေကို ကုသပေးခြင်း
ဆီးလမ်းကြောင်းဆိုင်ရာပြဿနာတွေကို ကုသပေးနိုင်တဲ့အတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။
သွားဖုံးရောဂါ
သွားဖုံးဆိုင်ရာ ပြဿနာတွေအတွက် ကြာစေ့/ကြာသီးကိုစားပေးနိုင်ပါတယ်။ ပုံမှန်စားပေးမယ်ဆိုရင် သွားဖုံးနဲ့ဆိုင်ရာ တခြားပြဿနာတွေကို ကုသပေးနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်
ပရိုတင်းဓါတ်ကြွယ်ဝစွာပါဝင်လို့ အာရုံကြောစနစ်နဲ့ ဦးနှောက်ဖွံ့ဖြိုးစေပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်မိခင်လောင်းတွေ သရေစားအဖြစ်စားပေးနိုင်ပါတယ်။
အသည်းကိုကျန်းမာစေခြင်း
အသည်းအဆီဖုံးတာတို့လိုအသည်းနဲ့ဆိုင်တဲ့ ပြဿနာတွေကို တားဆီးပေးနိုင်ပါတယ်။