လူတိုင်းလက်လှမ်းမီနိုင်သော မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုအနာဂတ် – လိုအပ်နေသော လူမှုအသိုက်အဝန်းအတွက် တီထွင်ဆန်းသစ်မှုများနှင့် မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုများ
မြန်မာနိုင်ငံမှာဆိုရင် မြို့ပြနဲ့ ကျေးလက်ဒေသမှာရှိတဲ့ ဆေးရုံတွေရဲ့ အကွာအဝေးဟာ ခရီးမိုင်တွေတင်မဟုတ်ဘဲ ရှင်သန်ခြင်းနဲ့ အသက်ဆုံးရှုံးမှုကြားက ကွာဟမှုတစ်ခုလည်း ဖြစ်နေပါတယ်။ မြန်မာနိုင်ငံရဲ့ လူဦးရေ (၇၀) ရာခိုင်နှုန်းဟာ ဝေးလံတဲ့ဒေသတွေမှာ နေထိုင်လျက်ရှိနေကြတာကြောင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုတွေ ရယူဖို့အတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေနေခဲ့ရင်တောင် ပျမ်းမျှအနေနဲ့ တစ်နာရီ ဒါမှမဟုတ် နာရီပေါင်းများစွာ အချိန်ကြာတတ်ပါတယ်။ အချို့သော ဆေးဝါးတွေဟာ နိုင်ငံထဲကို တင်သွင်းလာစဉ်မှာပဲ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေ၊ သိုလှောင်ရေးအခက်အခဲတွေနဲ့ အချိန်မီ ဖြန့်ဖြူးနိုင်ခြင်း မရှိတာတွေကြောင့် ဆေးဝါးအမှန်တကယ်လိုအပ်နေသူတွေဆီကို ရောက်ရှိနိုင်ဖို့ ခဲယဉ်းတတ်ပါတယ်။ ဒီအခြေအနေတွေဟာ ပြဿနာရဲ့ အတိမ်အနက်နဲ့ ရရှိနိုင်တဲ့ အခွင့်အလမ်းတွေကို မီးမောင်းထိုးပြလျက် ရှိနေပါတယ်။ ဒါ့ကြောင့် တစ်ချိန်တုန်းက နောက်ကျကျန်နေခဲ့တဲ့ လူ့အသိုင်းအဝိုင်းတွေဆီကို တီထွင်ဆန်းသစ်မှုတွေနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့် ကျန်းမာရေးစောင့်ရှောက်မှုတွေ ရောက်ရှိနိုင်စေဖို့ စတင်ပြုပြင်ပြောင်းလဲနေပြီ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တီထွင်ဆန်းသစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု နည်းပညာ လို့ဆိုလိုက်တာနဲ့ အမြဲတမ်း အရည်အသွေးမြင့်မားတဲ့ နည်းပညာအသုံးပြုမှုတွေကိုပဲ ဆိုလိုနေတာမဟုတ်ပါဘူး။ တစ်ခါတလေမှာ ထင်ထားသလောက် မခက်ခဲဘဲ သက်တောင့်သက်သာစွာနဲ့ အသက်တစ်ချောင်းကို ကယ်တင်ပေးနိုင်တဲ့ လုပ်ဆောင်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဥပမာဆိုရင် ဝေးလံခေါင်ဖျားဒေသတွေကို သွားတဲ့ လမ်းခရီးတွေမှာ ကာကွယ်ဆေးတွေကို ပျက်စီးမှုဒဏ်ကနေ ကာကွယ်ပေးထားနိုင်တဲ့ Cold Chain စနစ်တွေ၊ ကျေးလက်ဒေသနေ လူနာတွေကို မြို့ပြဆရာဝန်တွေနဲ့ လျင်မြန်စွာ ချိတ်ဆက်ပေးနိုင်တဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းတွေ၊ ဒါမှမဟုတ် ဆေးဝါးတွေကို အိမ်တွေအထိ တိုက်ရိုက်ရောက်ရှိစေနိုင်တဲ့ ရွေ့လျား ဆေးဝါးဝန်ဆောင်မှု အစီအစဉ်တွေလည်း ဖြစ်နိုင်ပါတယ်။ ဒီလှုပ်ဆောင်မှုတွေဟာ ဒေသခံမိသားစုတွေအတွက် အချိန်ကြန့်ကြာမှုတွေ မဖြစ်စေဘဲ အချိန်မီကုသပြီး အသက်တွေကို ကယ်တင်နိုင်မှာပဲ ဖြစ်ပါတယ်။
ပြည့်စုံလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေဆိုတာဟာ တစ်ဦးတစ်ယောက်တည်း၊ အဖွဲ့အစည်းတစ်ခုတည်းကနေ ဖြေရှင်းပေးနိုင်တာမျိုး မဟုတ်ပါဘူး။ အစိုးရ၊ အစိုးရ မဟုတ်တဲ့ ပြင်ပအဖွဲ့အစည်းတွေ (NGO)၊ ဒေသခံလူထုနဲ့ ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတွေစတဲ့ အဖွဲ့အစည်းတွေမှာ တာဝန်ရှိနေတာဖြစ်ပြီးတော့ ရေရှည်တည်မြဲပြီး ကျယ်ပြန့်တဲ့ လူထုအခြေပြု ကျန်းမာရေးစောင့်ရှောက်မှု စနစ်တစ်ခုကို တည်ဆောက်တဲ့နေရာမှာ သူတို့ဟာ အရေးပါတဲ့ အခန်းကဏ္ဍတွေကနေ ပါဝင်ထမ်းဆောင်ကြရမှာပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Zuellig Pharma ရဲ့ မြန်မာနိုင်ငံမှာ လက်ရှိဖော်ဆောင်နေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကနေ တစ်ဆင့် ရရှိနေတဲ့ စနစ်တကျပြောင်းလဲမှုတွေက သိသာတဲ့ ဥပမာတစ်ခုပဲ ဖြစ်ပါတယ်။ Zuellig Pharma ဟာ ကာကွယ်ဆေးတွေကို သယ်ယူပို့ဆောင်တဲ့နေရာမှာ သူတို့ရဲ့ eZCooler cold chain နည်းပညာကနေတစ်ဆင့်၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ လမ်းကြောင်းတွေမှာတောင် ကောင်းမွန်စွာ ထိန်းသိမ်းပြီး ပို့ဆောင်ပေးနိုင်ဖို့ ကူညီပေးလျက်ရှိနေပါတယ်။ ဒါ့အပြင် eZRx+ လို့ခေါ်တဲ့ ဒစ်ဂျစ်တယ်ပလက်ဖောင်းကနေလည်း လူနာတွေကို ခရီးဝေးသွားစရာမလိုဘဲ အဓိကလိုအပ်တဲ့ ဆေးဝါးလမ်းညွှန်မှုတွေနဲ့ ချိတ်ဆက်ပေးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မိုဘိုင်းဖုန်းသုံးစွဲသူလူဦးရေ ၆၃ သန်းကျော်ရှိပြီး အင်တာနက်အသုံးပြုနှုန်းဟာ ၆၀ ရာခိုင်နှုန်းကျော်ရှိတဲ့အတွက် ဒီလို ဒစ်ဂျစ်တယ်နည်းပညာအသုံးပြုမှု မြန်ဆန်လာခြင်းကလည်း ကျန်းမာရေးဆိုင်ရာ လိုအပ်နေတဲ့ နည်းလမ်းတွေကို ဖော်ဆောင်နိုင်စွမ်းနဲ့ အပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။
လွန်ခဲ့တဲ့ နှစ်တစ်ရာကျော်ကတည်းက တည်ထောင်ခဲ့တဲ့ Zuellig Pharma ဟာ ဒီနေ့အချိန်ကာလမှာဆိုရင် အာရှတိုက်မှာ အကြီးမားဆုံးနှင့် အယုံကြည်ရဆုံး ကျန်းမာရေး စောင့်ရှောက်မှုအဖွဲ့အစည်းတွေထဲမှာ တစ်ခုအပါအဝင်ဖြစ်ပြီး ဈေးကွက် ၁၇ ခုမှာရှိတဲ့ ကျန်းမာရေးအဖွဲ့အစည်း ၂၀၀,၀၀၀ ကျော်ကို ပံ့ပိုးကူညီပေးလျက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ Cold Chain စနစ် တိုးတက်အောင်လုပ်ဆောင်ခြင်း၊ ဒစ်ဂျစ်တယ် ကျန်းမာရေးနည်းပညာအသစ်တွေကို မိတ်ဆက်ခြင်းနဲ့ လိုအပ်တဲ့ ကျန်းမာရေးပစ္စည်း ထောက်ပံ့ရာမှာ အားဖြည့်ကူညီခြင်းတွေကနေတစ်ဆင့် ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတစ်ခုရဲ့ ကျွမ်းကျင်မှုတွေဟာ အများပြည်သူ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍမှာ တစ်ဖက်တစ်လမ်းကနေ အထောက်အပံ့ဖြစ်ပေးနိုင်ကြောင်း ပြသလျက်ရှိနေပါတယ်။
Zuellig Pharma ရဲ့ CEO ဖြစ်တဲ့ John Graham ကလည်း ဒီလိုပြောကြားထားပါတယ်။ “ကျွန်တော်တို့ အမြဲတမ်းရည်ရွယ်တာကတော့ လူတိုင်း ကျန်းမာရေးဝန်ဆောင်မှုတွေကို ပိုမိုလွယ်ကူစွာ အသုံးပြုနိုင်အောင် ပြုလုပ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်။ ဒါဟာ ဘယ်လောက် အကွာအဝေးမှာရှိတဲ့ ဒေသကိုမဆိုဖြစ်စေ၊ ဘယ်လူ့အဖွဲ့အစည်းကိုမဆိုဖြစ်စေ တန်းတူညီတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကို ရရှိနိုင်စေဖို့ အာမခံပေးထားချက်တစ်ခုပါပဲ။ နည်းပညာ၊ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ ဒေသခံတွေရဲ့စွမ်းဆောင်ရည်တွေအပေါ် ရင်းနှီးမြှုပ်နှံခြင်းအားဖြင့် ကျွန်တော်တို့ဟာ လူနာတွေကို သူတို့အတွက် ထိုက်တန်တဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ ရရှိနိုင်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနေတာပဲ ဖြစ်ပါတယ်။”
မြန်မာနိုင်ငံဟာ အခုအခါမှာ အရေးကြီးတဲ့ အနေအထားတစ်ခုမှာ ရှိနေပါတယ်။ ဆီးချို၊ နှလုံးရောဂါတွေလို မကူးစက်နိုင်တဲ့ ရောဂါတွေက တိုးပွားလာလျက်ရှိနေပေမဲ့ ကျေးလက်ဒေသအများစုမှာတော့ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေကို ရရှိနိုင်ဖို့တောင် ခက်ခဲလျက်ရှိနေပါတယ်။ ဒါပေမဲ့ လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းခန့်ဖြစ်တဲ့ အသက် ၁၅ မှ ၂၄ နှစ်အရွယ် ငယ်ရွယ်တဲ့ လူဦးရေစုစုပေါင်းနဲ့ နည်းပညာပိုင်းမှာ မိုဘိုင်းဖုန်းအသုံးပြုမှုကျယ်ပြန့်လာမှုတွေဟာ နောက်ထပ်တစ်ဆင့်ကို တက်လှမ်းနိုင်တဲ့ ကျန်းမာရေးစနစ်အသစ်တွေ ဖော်ဆောင်နိုင်ဖို့အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးလျက်ရှိနေတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ရေး အနာဂတ်ကို သတ်မှတ်ပေးနိုင်မဲ့အချက်တစ်ခုတော့ အားလုံးတန်းတူ တာဝန်ရှိမှုပဲ ဖြစ်ပါတယ်။ မူဝါဒရေးဆွဲသူများအနေနဲ့လည်း သင့်လျော်ညီမျှတဲ့ စည်းမျဉ်းတွေနဲ့ အခြေခံအဆောက်အအုံတွေကို တည်ဆောက်ရမှာဖြစ်ပြီး၊ အစိုးရ မဟုတ်တဲ့အဖွဲ့အစည်း (NGO) တွေကလည်း ဒေသခံလူထုအတွင်း ယုံကြည်မှုတည်ဆောက်မှုကို ဆက်လက်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတွေအနေနဲ့လည်း သူတို့ရဲ့ ကျွမ်းကျင်မှုနဲ့ နည်းပညာဆန်းသစ်မှုတို့ကို တစ်ဖက်တစ်လမ်းကနေ ပံ့ပိုးကူညီသင့်ပါတယ်။ သိသာထင်ရှားတဲ့ အချက်တစ်ခုကတော့ တီထွင်ဆန်းသစ်မှုနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေဟာ မရှိမဖြစ်ပြုလုပ်ရမဲ့ အရေးကြီးတဲ့အရာတွေပဲ ဖြစ်ပါတယ်။ ဒီမိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေကနေတစ်ဆင့်သာ ကျန်းမာရေး စောင့်ရှောက်မှု ကွာဟချက်တွေကို လျှော့ချပေးနိုင်မှာဖြစ်ပြီး နေရာဒေသပေါ် မူတည်ကာ ခံစားရရှိနိုင်မဲ့ အခွင့်အရေးမဟုတ်ဘဲ လူတိုင်းရရှိနိုင်မဲ့ မျှတတဲ့ အခွင့်အရေးတစ်ခု ဖြစ်လာစေနိုင်မှာပဲ ဖြစ်ပါတယ်။
Zuellig Pharma ရဲ့အဓိကရည်ရွယ်ချက်ဖြစ်တဲ့ “ကျန်းမာရေးစောင့်ရှောက်မှုများကို ပိုမိုလွယ်ကူစွာ ရရှိနိုင်ရေး” ဟာ လူတိုင်းလက်လှမ်းမှီပြီး ခိုင်မာတဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်အရေးပေါ်လိုအပ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ ကိုက်ညီလျက်ရှိနေပါတယ်။ Zuellig Pharma ရဲ့ အဓိက ရင်းနှီးမြှုပ်နှံမှုတွေဖြစ်ကြတဲ့ Cold Chain စနစ်တွေ၊ ဒစ်ဂျစ်တယ်ကျန်းမာရေးနည်းပညာတွေနဲ့ ကျန်းမာရေးပစ္စည်း ထောက်ပံ့မှုတွေစတဲ့ ပုဂ္ဂလိကကျန်းမာရေးအဖွဲ့အစည်းတစ်ခုရဲ့ ကျွမ်းကျင်မှုတွေဟာ ပြည်သူလူထုရဲ့ ကျန်းမာရေးလုပ်ငန်းတွေမှာ ဘယ်လိုနေရာကနေ ဖြည့်ဆည်းနိုင်တယ်ဆိုတာကို ပြသပေးနေတဲ့အပြင် ကျန်းမာရေးစောင့်ရှောက်မှု ရရှိနိုင်ဖို့ ခက်ခဲနေတဲ့ ပြည်သူလူထုတွေအထိ ရောက်ရှိနိုင်ကြောင်း သိသာထင်ရှားစေပါတယ်။
နိဂုံးချုပ်အနေနဲ့ မြန်မာနိုင်ငံမှာ နည်းပညာတီထွင်ဆန်းသစ်မှုနဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှုတွေဟာ ရွေးချယ်ရမဲ့အရာမဟုတ်ဘဲ မဖြစ်မနေပြုလုပ်ရမဲ့ အခြေခံအကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ အများပြည်သူကဏ္ဍ၊ ပုဂ္ဂလိက အဖွဲ့အစည်းတွေနဲ့ ဒေသခံလူထုတို့အကြား ဆက်လက်ပူးပေါင်းလုပ်ဆောင်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာ ပိုမိုတည်ကြည်ပြီး မျှတတဲ့ ကျန်းမာရေးစနစ်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပြီး လူနာတိုင်းအတွက် လက်လှမ်းမီတဲ့ ကုသမှုကို ရရှိစေနိုင်မှာပဲ ဖြစ်ပါတယ်။


