ဗီတာမင် E က ခန္ဓာကိုယ်ထဲမှာရှိတဲ့ တစ်ရှူးတွေကို ဓာတ်တိုးပစ္စည်း (Free Radicals) တွေကနေ မထိခိုက်အောင် ကူညီပေးပါတယ်။

ဗီတာမင် E က အိုမင်းတဲ့ ရောဂါတွေဖြစ်ပွားနိုင်မှုကို ကာကွယ်ပေးကာ ကိုယ်ခံအားကိုလည်း ကောင်းစေပါတယ်။ အဲ့ဒီအပြင် ဗားရက်စ်တွေ ဘက်တီးရီးယားတွေကြောင့် တစ်ရှူးတွေနဲ့ ဆဲလ်တွေ ပျက်စီးမှုကနေလည်း ကာကွယ်ပေးပါတယ်။

Almonds

Almonds သီးတွေမှာ ဗီတာမင် E တွေ ကြွယ်ဝစွာပါဝင်ပြီး Omega-3 လိုမျိုး ကျန်းမာရေးအတွက် အကောင်းတဲ့ Fatty အက်ဆစ်တွေလည်း ပါဝင်ပါတယ်။

ဒီအာဟာရဓာတ်တွေက ဆဲလ်တွေရဲ့ ကျန်းမာရေးကို ကောင်းစေပြီး ရောင်ရမ်းတာတွေနဲ့ နှလုံးရောဂါဆိုင်ရာ ပြဿနာတွေကိုလည်း မဖြစ်စေပါဘူး။

Almonds သီး ၁၀၀ ဂရမ်မှာ ဗီတာမင် E 26 mg ပါဝင်ပါတယ်။

ဒါပေမယ့် Almonds သီးတွေမှာ ကယ်လိုရီတွေ အများကြီးပါဝင်တာကြောင့် တစ်ခါ စားသုံးရင် အနည်းငယ်လောက်ဘဲ စားသင့်ပါတယ်။

ကိုက်လန်ရွက်

ကိုက်လန်ရွက်တွေမှာ ဗီတာမင် E တွေ အများကြီးပါဝင်တဲ့အပြင် အိုမင်းမှုကို ကာကွယ်ပေးနိုင်တဲ့ တခြား အာဟာရဓာတ်တွေလည်း အများကြီးပါဝင်ပါတယ်။

ကိုက်လန်ရွက် ဟင်းတစ်ခွက်မှာ ဗီတာမင် E ၆ရာခိုင်နှုန်းကနေ ၈ ရာခိုင်နှုန်းလောက်ပါဝင်ပါတယ်။ အဲ့ဒီအပြင် အမျှင်ဓာတ်တွေနဲ့ တခြား အရေးကြီးတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။ ဆီးချိုတို့၊ အဝလွန်တာတို့လို ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

သင်္ဘောသီး

သင်္ဘောသီးက ဗီတာမင် E ကြွယ်ဝစွာပါဝင်တဲ့ အသီးဖြစ်ပါတယ်။ သူ့မှာ အမျှင်ဓာတ်တွေ လည်းပါဝင်ပြီး ဓာတ်တိုးပစ္စည်းတွေ ဆဲလ်တွေနဲ့ တစ်ရှူးတွေအပေါ်ကို ထိခိုက်တာကို ကာကွယ်နိုင်တဲ့ ဓာတ်တွေလည်းပါဝင်ပါတယ်။

အဲ့ဒီအပြင် ဗီတာမင် A, ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ တခြား သတ္တုဓာတ်တွေလည်း ပါဝင်ပါတယ်။