ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှားပေးတဲ့ အင်္ဂါတွေထဲမှာ အသည်းလည်းပါဝင်ပါတယ်။ ဒါကြောင့် အသည်းကျန်းမာရေးအတွက် အထောက်အကူပြုစေတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။
ထောပတ်သီး
အသည်းအတွက်ဆိုရင်တော့ ထောပတ်သီးက အရမ်းကို ကောင်းတဲ့အသီးပါ။ သူ့မှာ Lutathione ဓာတ်နဲ့ အတူ ဗီတာမင် C၊ E တို့ပါဝင်ပါတယ်။ ဗီတာမင်တွေက Antixodiants လို အလုပ်လုပ်ကာ အသည်းဆဲလ်တွေကို ထိခိုက်ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။
ဗီတာမင် E နဲ့ K တို့က အသည်းကို အဆိပ်အတောက်တွေ ဒဏ်ကနေ ကာကွယ်ပေးပြီး သွေးအတွင်း ကိုလက်စထရောဓာတ်ကိုလည်း ထိန်းညှိပေးပါတယ်။
သံပုယိုသီး သို့ သံပုရာသီး
သံပုယိုသီးနဲ့ သံပုရာသီးတို့မှာ ဗီတာမင် စီဓာတ်တွေ အများကြီးပါဝင်ပါတယ်။ ဗီတာမင်စီဓာတ်က ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်တွေကို ဖယ်ရှားရာမှာ အဓိကကူညီပေးပါတယ်။ ဒါကြောင့် တစ်ပတ်ကို အနည်းဆုံး ၂ ခါ၊ ၃ခါလောက် သံပုရာရည်ကို သောက်ပေးပြီး အသည်းထဲက အဆိပ်အတောက်တွေကို ကူညီဖယ်ရှားပေးပါ။
ပန်းသီး
ပန်းသီးမှာ Pectin ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရမှာ အသုံးဝင်ပါတယ်။ အစာခြေစနစ်ထဲ အဆိပ်အတောက်တွေကိုပါ ဖယ်ရှားပေးနိုင်တာကြောင့် အသည်းကို ဝန်ထုပ်ဝန်ပိုးဖြစ်စေမှာမဟုတ်ပါဘူး။
ကြက်သွန်ဖြူ
ကြက်သွန်ဖြူမှာ အသည်းအတွက် အရမ်းကောင်းတဲ့ ဓာတ်တွေ အများကြီးပါဝင်ပါတယ်။ Selenium ဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပြီး Selenium ဓာတ်က Antioxidants ဓာတ်တွေကို နှိုးဆွပေးကာ အသည်းထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။
အဲ့ဒီအပြင် Arginine ဓာတ်ပါဝင်ပြီး သွေးကြောတွေကို သက်တောင့်သက်သာဖြစ်ကော အသည်းထဲက သွေးဖိအားတွေကိုလည်း လျော့ချပေးပါတယ်။