မကြာသေးခင်က အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ အမေရိကန်လူဦးရေ ရဲ့ ၈၀ ရာခိုနှုန်းက မဂ္ဂနီဆီယမ် ဓာတ် ချို့တဲ့နေပါတယ်တဲ့။ မဂ္ဂနီဆီယမ် ဓာတ်က ခန္ဓာကိုယ်အတွက် အဓိက အရေးကြီး တဲ့ သတ္တုဓာတ်တစ်မျိုး ဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်ပေါင်း ၃၀၀ ကျော်နဲ့ သက်ဆိုင်နေတဲ့ ဓာတ်လည်းဖြစ်ပါတယ်။

မဂ္ဂနီဆီယမ် ဓာတ် ပြည့်ဝတဲ့ လူတစ်ယောက်ဟာ တခြား သာမန်သူတွေထက်စာရင် နှလုံးရောဂါဖြစ်ပွားနိုင်နှုန်း ၁၀ ရာခိုင်နှုန်းလျော့နည်းခြင်း၊ လေဖြတ်နိုင်နှုန်း ၁၂ ရာခိုင်နှုန်းလျော့နည်းခြင်း၊ ဆီးချိုရောဂါ ၂ မျိုး ဖြစ်ပွားနိုင်နှုန်း ၂၆ ရာခိုင်နှုန်း လျော့နည်းပါတယ်။ ဒါ့ကြောင့် လေဖြတ်တာ၊ နှလုံးရောဂါနဲ့ ဆီးချိုရောဂါဖြစ်ပွားခြင်းတွေကို ကာကွယ်နိုင်ဖို့အတွက် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို ဝေမျှချင်ပါတယ်။

ထောပတ်သီး

သာမန် အရွယ်အစားရှိတဲ့ ထောပတ်သီးတစ်လုံးမှာဆိုရင် မဂ္ဂနီဆီယမ်ဓာတ် ၅၈ မီလီ ဂရမ်ပါဝင်ပါတယ်။ ဒါ့အပြင် ထောပတ်သီးမှာ ပိုတက်ဆီယမ်၊ ဗီတာမင် K နဲ့ ဗီတာမင် ဘီ တို့ပါဝင်ပါတယ်။ ခန္ဓာကိုယ်တွင်း ယောင်ယမ်းတာတွေကိုလည်း လျော့စေတဲ့ သတ္တိပါဝင်ပါတယ်။

အခွံမာအသီး

အခွံမာအသီး အမျိုးမျိုးတို့ရဲ့ တူညီတဲ့အချက်ကတော့ မဂ္ဂနီဆီယမ်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာပါပဲ။ ဒါ့အပြင် အခွံမာအသီးတွေမှာ အမျှင်ဓာတ်တွေနဲ့ Monounsaturated အဆီဓာတ်တွေလည်း ပါဝင်ပါတယ်။ အဲဒီဓါတ်တွေဟာ သွေးတွင်း သကြားဓာတ်နဲ့ ကိုလက်စထရော ဓာတ်တွေကို ထိန်းညှိတိုးမြှင့်ပေးပါတယ်။

Spinach

Spinach ရွက်ကတော့ မဂ္ဂနီဆီယမ် ဓာတ်အကြွယ်ဝဆုံးပါဝင်တဲ့ ဟင်းသီးဟင်းရွက်ပါဘဲ။ Spinach ဟင်းချို တစ်ခွက်ကို ၁၅၇ မီလီဂရမ် ပါဝင်ပါတယ်။ အဲ့ဒီအပြင် ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။

ဖရုံစေ့

အသီးတွေရဲ့ အစေ့တော်တော်များများမှာတော့ မဂ္ဂနီဆီယမ်ဓာတ်တွေ ပါဝင်ပြီး ဖရုံစေ့မှာတော့ ပိုပြီး ပါဝင်ပါတယ်။ ခွက်တစ်ခွက်ရဲ့ ၈ ပုံ၁ ပုံလောက်ဘဲ ရှိတဲ့ ဖရုံစေ့မှာဆိုရင် ၉၂ မီလီဂရမ် မဂ္ဂနီဆီယမ် ပါဝင်ပါတယ်။ အဲ့ဒီ အစေ့တွေက ခန္ဓာကိုယ်ကို သွက်သွက်လက်လှုပ်ရှားနိုင်အောင် ကူညီပေးသလို သွေးပေါင်ချိန်ကိုလည်း ထိန်းညှိပေးပြီး နှလုံးကိုလည်း ကျန်းမာအောင် အထောက်အကူပြုပါတယ်။

Featured Image Source: Dr SK Sinha