ရေက လူတွေအတွက် အကျိုးရှိတယ်ဆို အားလုံးသိပြီးသားပါ။ ကမ္ဘာကြီးကို ရေနဲ့ ဖွဲ့စည်းထားသလို ကျွန်ုပ်တို့ ခန္ဓာကိုယ်တွေကလည်း ရေနဲ့ ဖွဲ့စည်းထားပါတယ်။
ဒါပေမယ့်ရေထက်ပိုပြီး အကျိုးရှိတဲ့ အသီးဖျော်ရည်များလည်းရှိပါတယ်။
အုန်းရေ
အုန်းရေမှာ ပိုတက်ဆီယမ်ဓာတ်တွေအများကြီးပါဝင်ပါတယ်။ အဲ့ဒီအပြင် ရေဓာတ်ပြည့်ဝအောင်ကူညီပေးနိုင်တဲ့ သတ္တုဓာတ်တွေ အများကြီးလည်း ပါဝင်ပါတယ်။
ရှားစောင်းလက်ပတ်ရေ
ရှားစောင်းလက်ပတ်မှာ Antioxidants တွေများပြီး ၊ သွေးအတွင်း ကိုလက်စထရောဓာတ်တွေ လျှော့ချပေးကာ ဝမ်းချုပ်တာတို့ကို ကာကွယ်ပေးပါတယ်။
ရေထက်ပိုကောင်းတဲ့ အသီးများ
စတော်ဘယ်ရီ၊ ဖရဲသီး၊ ပင်စွမ်းရွက်၊ သခွားသီးနဲ့ ဘလူးဘယ်ရီသီးတို့ကို ရေထဲထည့်သောက်ခြင်းဖြင့်လည်း ရေချည်းသောက်တာထက်များတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ရရှိမှာဖြစ်ပါတယ်။
ရေနွေးကြမ်း
ရေနွေးကြမ်းတွေ Green Tea တွေကလည်း ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။
- သွားနဲ့ပတ်သက်တဲ့ ရောဂါတွေကာကွယ်ပေး
- သွေးလည်ပတ်မှုကိုကောင်းစေ
- ရောင်ရမ်းတာတွေ လျှော့စေ
- ခန္ဓာကိုယ်ထဲကို ဘက်တီးရီးယားတွေ မဝင်အောင်ကူညီပေး
အဲ့ဒီအပြင် Green Tea ဟာ ခန္ဓာကိုယ်ထဲက အဆီတွေ လျော့သွားအောင်ကူညီပေးနိုင်ပြီး အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပါတယ်။