ဂျင်းက ဆိုးဆိုးရွားရွားခေါင်းကိုက်တာတွေကို အမြန်ဆုံး သက်သာပျောက်ကင်းစေပါတယ်။ ဘာလို့လဲဆိုတော့ ဂျင်းမှာ သွေးကြောတွေ ရောင်ရမ်းနာကျင်မှုကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
ဂျင်းကို အိမ်ရှင်မတို့ရဲ့ ဟင်းလျာတွေအတွက် မရှိမဖြစ် အသုံးပြုကြမှာတော့သေချာပါတယ်။ ဂျင်းကိုစားပေးတာဟာ ကျန်းမာစေတဲ့အပြင် ဟင်းလျာတွေကိုပါ အရသာရှိစေပါတယ်။ ဒီတော့ ခေါင်းအရမ်းကိုက်တဲ့အခါ တကူးတက ဆေးသွားဝယ်စရာမလိုပါဘူး။
ပြုလုပ်နည်း
ဂျင်းရယ် သံပုရာရည်ရယ်ကို အချိုးကျရောပြီး ဖျော်စက်နဲ့ သေချာဖျော်လိုက်ပါ။ တစ်နေ့ကို အနည်းဆုံး ၂ ကြိမ်သောက်ပါ။ ခေါက်ကိုက်သက်သာလာပါလိမ့်မယ်။ အရသာကောင်းချင်ရင် ပျားရည်နည်းနည်းထည့်ပါ။
နောက်တစ်နည်းကတော့ ဂျင်းမှုန့် စားပွဲတင်ဇွန်း ၂ ဇွန်းကို ရေ စားပွဲတင်ဇွန်း ၂ ဇွန်းနဲ့ရောပြီး နားထင်နားမှာ ကပ်ထားပေးပါ။ နာရီဝက်လောက်ကြာရင် သက်သာလာပါလိမ့်မယ်။ ပြီးရင် ရေနွေးနဲ့ဆေးချပါ။