လေ့ကျင့်ခန်းရဲ့ အကျိုးကျေးဇူးတွေက ထင်ထားတာထက်ကို တကယ်လေးနက်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက အစာစားချင်စိတ်ကို ထိန်းပေးနိုင်တဲ့အပြင် စိတ်ခံစားချက်ကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှုက နေ့စဉ် တက်ကြွမှုကို တိုးစေရုံသာမကဘဲ အချိန်ကြာလာတာနဲ့အမျှ သင့်စွမ်းအင်ကို ကျဆင်းစေသော ရောဂါအမျိုးအစားများကိုပါ ကာကွယ်ပေးပါပါတယ်။
လှုပ်ရှားမှုမရှိတာက စိတ်ပိုင်းဆိုင်ရာအပေါ်လည်း သက်ရောက်မှုရှိပါတယ်။ တက်ကြွမှုနည်းလေ၊ လှုပ်ရှားမှုနည်းလေပါ။ လေ့ကျင့်ခန်းမလုပ်တဲ့သူတွေဟာ လေ့ကျင့်ခန်းလုပ်သူတွေထက် ပင်ပန်းနွမ်းနယ်မှုကို ပိုခံစားရပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့အခါ ညဘက် ကောင်းကောင်းအိပ်ပျော်စေပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ dementia၊ စိတ်ဓာတ်ကျခြင်းနဲ့ ကင်ဆာရောဂါများစွာ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
အထိုင်များပြီး မလှုပ်မရှားဖြစ်တဲ့အခါ ကြွက်သားဆဲလ်တွေ ဆုံးရှုံးလာတဲ့အပြင် ကျန်ရှိတဲ့ဆဲလ်များကို Mitochondria နည်းပါးပြီး စွမ်းအင်ထုတ်လုပ်နိုင်စွမ်းကို လျော့နည်းစေပါတယ်။ စွမ်းအင် လျော့ကျရုံသာမက အခြားသော ရောဂါများစွာလည်း ဖြစ်နိုင်ခြေ တိုးလာပါတယ်။
ကြွက်သားထုထည်ဟာ နှစ်တွေကြာလာတာနဲ့အမျှ ကျဆင်းလာတာကြောင့် အသက်ကြီးလာတာနဲ့အမျှ လေ့ကျင့်ခန်းတွေ ဆက်လုပ်ဖို့က အထူးအရေးကြီးပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းမလုပ်တာက နှလုံးနဲ့ အဆုတ်ကို ပြောင်းလဲစေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သင့်သွေးကို အောက်ဆီဂျင်ထုတ်ပေးမှုကို ထိရောက်မှုနည်းလာစေပါတယ်။
ဒါ့ကြောင့် သင့်စိတ်ခံစားချက်ကို မြှင့်တင်ပေးပြီး နှလုံးရောဂါ၊ ဆီးချို၊ သွေးတိုးနှင့် အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ဖို့အတွက် အဖြေကတော့ ပုံမှန်လေ့ကျင့်ခန်းပါ။