သွေးအတွင်းတွေ့ရှိရတဲ့ အဆီအစိုင်အခဲကို ကိုလက်စထရောဟုခေါ်ပြီး ကိုယ်ခန္ဓာအတွက် အတိုင်းအတာတစ်ခုအထိ ကောင်းမွန်လိုအပ်ပါတယ်။ သို့သော်လည်း အင်မတန်လွန်ကဲလာပြီဆိုလျှင်တော့ ကျန်းမာရေးကို ဆိုးကျိုးတွေသက်ရောက်လာစေနိုင်ပါတယ်။
ဒါကြောင့် မိမိကိုယ်ခန္ဓာကို မကောင်းကျိုးမဖြစ်စေဘဲ ကောင်းကျိုးတွေသာပေးစွမ်းနိုင်မယ့် ကိုလက်စထရောအတွက် သောက်သုံးနိုင်မယ့်ဖျော်ရည်လေးကို တင်ဆက်ပေးလိုက်ရပါတယ်။
ပါဝင်ပစ္စည်းများ
နိုကိုဥ – ၁ လုံး
ဒေါက်ခွရွက် – ပန်းကန်လုံးတစ်လုံးခန့်
လက်ဖက်ရည်ကြမ်း (ကျိုပြီးသား) – ၁ ခွက်
အစိမ်းရောင်ပန်းသီး – ၁ လုံး
လိမ္မော်သီး – ၁ လုံး
ဂျင်း – ၁ ဒက်
Flaxseed အမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပန်းသီးရှာလကာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြင်ဆင်ပုံအဆင့်ဆင့်
၁။ ဒေါက်ခွရွက်များကို ကြိတ်စက်ထဲထည့်ပါ။
၂။ လှီးထားသည့် နိုကိုဥများကိုလည်း ထည့်သွင်းပါ။
၃။ လက်ဖက်ရည်ကြမ်းပေါင်းထည့်ပါ။
၄။ ပျစ်လာသည်အထိ ထည့်မွှေပါ။
၅။ ပြီးလျှင် ဂျင်း ၁ ဒက်ကိုလည်း ထည့်ပေးပါ။
၆။ အစိမ်းရောင်ပန်းသီးကိုလည်း အစိတ်စိတ်လေးတွေလှီးပေးပြီး ထည့်သွင်းပါ။
၇။ အစေ့ထုတ်ထားသည့် လိမ္မော်သီးအမြွှာလေးများကိုလည်း ထည့်ပေးပါ။
၈။ လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် flaxseed အမှုန့်ကိုလည်း ရောထည့်ပါ။
၉။ ပျားရည်လက်ဖက်ရည်ဇွန်း ၁ ဇွန်းကိုလည်း ရောစပ်ပါ။
၁၀။ စစ်မထုတ်ရသေးသည့် ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုလည်း လောင်းထည့်ပါ။
၁၁။ ပျစ်နှစ်လာသည်အထိ နောက်ထပ်တစ်ကြိမ်ကြိတ်ပေးပါ။
အားလုံးပြီးသွားပြီဆိုရင်တော့ အရသာရှိရှိသောက်သုံးနိုင်ပြီဖြစ်ပါတယ်။ တစ်နေ့လျှင် နှစ်ကြိမ်သောက်သုံးပေးနိုင်ပြီး ကျန်ရှိနေသေးသည့် ပမာဏကိုရေခဲသေတ္တာအတွင်းထည့်သိမ်းပြီး ရက်အနည်းငယ်အတွင်း သောက်သုံးပေးပါ။
Credits : Health and Beauty Archives – Fab How