နှလုံးရောဂါအမျိုးအစား အများကြီးရှိပါတယ်။ မေးတဲ့သူမှာ ဖြစ်တဲ့ ASD ရောဂါဆိုတာ မွေးရာပါရောဂါတခုပါ။ အစားအသောက် အနေအထိုင်ကြောင့်ဖြစ်ခဲ့ရတာမဟုတ်ပါ။ အသက်ကို ရုတ်တရက် အန္တရာယ်ပေးနိုင်တဲ့ နှလုံးသွေးကြော ကျဉ်းရောဂါကတော့ (ကိုလက်စထော)၊ ကိုယ်အလေးချိန် နဲ့ အသက်တွေနဲ့ဆိုင်လို့ ဆင်ခြင်နေဘို့ အထူး လိုအပ်တာမျိုး ဖြစ်တယ်။ ပန်းသီးစားရင် ဆရာဝန်နဲ့ဝေးဝေးနေရနိုင်တယ်ဆိုတဲ့ (မိုတို) တခုဟာ ဒီရောဂါမျိုးနဲ့ဆိုင်တယ်။
နှလုံးရောဂါအမျိုးအစားများ
- Cardiac dysrhythmias နှလုံးခုန်မမှန်ရောဂါ၊
- Cardiomyopathy နှလုံးကြွက်သားရောဂါ၊
- Cor pulmonale နှလုံးဘညာဘက်ခြမ်း အလုပ်မလုပ်နိုင်တော့ခြင်း၊
- Coronary heart disease (ischaemic heart disease) နှလုံးသွေးကြောကျဉ်းရောဂါ၊
- Heart failure နှလုံးအလုပ်မလုပ်နိုင်တော့တဲ့ရောဂါ၊
- Hypertensive heart disease သွေးတိုး-နှလုံးရောဂါ၊
- Inflammatory heart disease နှလုံးရောင်ရောဂါများ၊ (Endocarditis နှလုံးအတွင်းပိုင်းရောင်ခြင်း၊ Inflammatory cardiomegaly နှလုံးရောင်ခြင်း၊ Myocarditis နှလုံးကြွက်သားရောင်ခြင်း၊)
- Peripheral arterial disease အဖျားအနားသွေးကြောရောဂါ။
- Stroke and cerebrovascular disease ဦးနှောက်သွေးကြောရောဂါ၊
- Valvular heart disease နှလုံးအဆို့ရှင်ရောဂါများ၊
မွေးရာပါနှလုံးရောဂါလို့ နုတ်ကျိုးနေပေမဲ့ ဆေးစာမှာတော့ မွေးရာပါနှလုံးချို့ယွင်းချက်လို့ ခေါ်တယ်။ Congenital Heart Defect (CHD) ထဲမှာ ၅ မျိုးရှိတယ်။
(၁) Cyanotic defects သွေးမဝတဲ့ချို့ယွင်းချက်၊
(၂) Defects အင်္ဂါပိုင်းချို့ယွင်းချက်၊
(၃) Hypoplasia ဖွံ့ဖြိုးမှုချို့ယွင်းချက်၊
(၄) Obstruction defects ဆို့ပိတ်ချို့ယွင်းချက်၊
(၅) Septal defects အကန့်ချို့ယွင်းချက်၊
Defects အင်္ဂါပိုင်းချို့ယွင်းချက်များ၊
- Atrial septal defect (ASD) (မေးတဲ့သူများဖြစ်ခဲ့တဲ့ရောဂါ)
- Aortic stenosis (AS)
- Atrioventricular septal defect (AVSD)
- Bicuspid aortic valve
- Coarctation of the aorta (CoA)
- Dextrocardia
- Dextro-Transposition of the great arteries (d-TGA)
- Double inlet left ventricle (DILV)
- Double outlet right ventricle (DORV)
- Ebstein’s anomaly
- Hypoplastic left heart syndrome (HLHS)
- Hypoplastic right heart syndrome (HRHS)
- Interrupted aortic arch (IAA)
- Levo-Transposition of the great arteries (l-TGA)
- Mitral stenosis
- Partial anomalous pulmonary venous connection (PAPVC)
- Patent ductus arteriosus (PDA)
- Pentalogy of Cantrell
- Persistent truncus arteriosus
- Pulmonary atresia
- Pulmonary stenosis
- Scimitar syndrome (SS)
- Shone’s syndrome/ Shone’s complex / Shone’s anomaly
- Some constellations of multiple defects are commonly found together.
- tetralogy of Fallot (ToF)
- Total anomalous pulmonary venous connection (TAPVC)
- Transposition of the great vessels
- Tricuspid atresia
- Ventricular septal defect (VSD)
နောင်မှာ မဆိုကောင်းစကား မေးစရာများရှိရင် အသက်၊ ဖြစ်တာဘယ်လောက်ကြာ၊ ဘာခံစားနေရတယ် စတာတွေပါ ထည့်ရေးပါ။ ASD ဆိုရင် ကလေး၊ လူကြီးခွဲပြောရတယ်။
- Medical Follow-up ဆက်လက်ပြသ-ကုသစရာလိုတယ်။ ခွဲစိတ်ပြီးနောက် တချို့ကို လနဲ့ချီပြီး သွေးမတိတ်ဆေးပေးရတယ်။ ၆ လထက်တော့မပိုပါ။ စစ်ဆေးတာလဲလုပ်ရနိုင်တယ်။ ဥပမာ electrocardiograms, Holter monitors, exercise stress tests and echocardiograms တွေဖြစ်တယ်။ cardiac catheterization ကိုတော့ လုပ်ရတာရှားတယ်။
- Activity Restrictions ကိုယ်လက်လှုတ်ရှားမှုကန့်သတ်ခြင်းကို လူတိုင်းအတွက်မလုပ်စေပါ။ တချို့ကို အချိန်ကန့်သတ်ပြီး သက်တောင့်သက်သာနေစေတယ်။ ဒိနောက်တော့ သူများလိုနေနိုင်လုပ်နိုင်ပြီ။
- Pregnancy အခြေအနေတွေပုံမှန်ဖြစ်တာနဲ့ ကိုယ်ဝန်ဆောင်လို့ရပါတယ်။ ခွဲစိတ်ပြုပြင်မထားသူဆိုရင်တော့ နှလုံးကို ထိခိုက်နိုင်တယ်။