ခွန်အားဖြည့် အချိုရည် (Energy Drink) က ဂိမ်းဆော့သူတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အားကစားသမားတွေစတဲ့ လူတော်တော်များများ သောက်လေ့သောက်ထရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၁၂ ခုနှစ်တုန်းက ခွန်အားဖြည့် အချိုရည် (Energy Drink) ရဲ့ ဝယ်ယူမှုနှုန်းက အမေရိကန်ဒေါ်လာ သန်း ၁၂၅၀ နီးပါးရှိခဲ့ပါတယ်။၂

HE_energy-drinks_s4x3_lead

ဒီလို လူတော်တော်များများက နေ့တိုင်း ခွန်အားဖြည့် အချိုရည် (Energy Drink) ကို သောက်သုံးနေကျပေမယ့် တကယ်တမ်း ခွန်အားဖြည့် အချိုရည် (Energy Drink) တွေက ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။ Energy Drinks တွေဟာ သွေးတိုးရောဂါ၊ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါ၊ ညအိပ်မပျော်ခြင်းနဲ့ တခြား ရောဂါတွေကို ဖြစ်စေပါတယ်။

အမေရိကန်ပြည်ထောင်စုမှာဆိုရင် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အတွင်း ခွန်အားဖြည့် အချိုရည် (Energy Drink) သောက်သုံးမှုကြောင့် သေဆုံးတဲ့သူပေါင်း ၃၄ ဦး ရှိပါတယ်။ ခွန်အားဖြည့် အချိုရည်သောက်ပြီးနောက် သေဆုံးသွားတဲ့ သေဆုံးမှုမျိုးကိုသာ စာရင်းပြုစုထားတာကြောင့် ဒီထက်ပိုဖို့ဘဲ ရှိပါတယ်။

energy-drink-dangers1

လူထောင်ပေါင်းများစွာကတော့ Energy Drinks အလွန်အကျွံသောက်သုံးခြင်းရဲ့ ရောဂါလက္ခဏာတွေဖြစ်တဲ့ ညအိပ်မပျော်ခြင်း၊ စိုးရိမ်ကြောက်ကြခြင်း၊ သွေးတိုးခြင်း၊ နှလုံး ရုတ်တရပ် ရပ်တန့်ခြင်း နဲ့ တခြား နှလုံးရောဂါဆိုင်ရာ ပြဿနာတွေကြောက် ဆေးရုံတက်ကုသခဲ့ရမှုတွေရှိပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၂၀၁၁ ခုနှစ်က အသက် ၁၄ နှစ်အရွယ် Anais Fournier က နှလုံးရုတ်တရပ် ရပ်တန့်မှု (Heart Attack)ဖြစ်ပြီး သေဆုံးခဲ့ပါတယ်။ သူ မသေဆုံးခင် ၄၈ နာရီအတွင်း Energy Drinks ၄ ဗူးကို သောက်သုံးခဲ့ပါတယ်။ သူ့သွေးထဲမှာ ကဖိန်းဓာတ် ၄၈၀ မီလီဂရမ် ရှိနေတာကြောင့် သူသောက်ခဲ့တဲ့ ပမာဏဟာဆိုရင် ဆယ်ကျော်သက်ကလေးတွေ သောက်သင့်တဲ့ ပမာဏထက် ၅ ဆပိုများနေပါတယ်။

energydrink

ခွန်အားဖြည့် အချိုရည်တွေကို ခန္ဓာကိုယ်က ဘယ်လို တုံ့ပြန်သလဲ

ခွန်အားဖြည့် အချိုရည် (Energy Drinks) တွေကို ကဖိန်း၊ ပြုပြင်ထားတဲ့ သကြား နဲ့ တခြား ပါဝင်ပစ္စည်းတွေပါဝင်နေပါတယ်။ တချို့ အချိုရည်တွေက ဆေးဘက်ဝင် အပင်တွေ၊ ဗီတာမင်တွေ ပါတယ်လို့တော့ ကြော်ငြာထားပေမယ့်လည်း အန္တရာယ်ရှိတဲ့ အခြေအနေထဲမှာတော့ ရှိနေပါတယ်။

ခွန်အားဖြည့် အချိုရည် တစ်ဗူးကို သောက်ပြီး ၃၅ မိနစ်အကြာမှာဆိုရင် သွေးပေါင်ချိန်ဟာ ၆.၆ လောက် မြင့်တက်သွားပြီး Norepinephrine နဲ့ စိတ်ဖိစီးမှု ဟော်မှုန်းတွေဟာဆိုရင် ၇၅ ရာခိုင်နှုန်းလောက်မြင့်တက်သွားပါတယ်။ Norepinephrine ဟော်မှုန်းတွေဟာဆိုရင် အဆီကို သိမ်းဆည်းထားတဲ့ ဟော်မှုန်းတွေထုတ်တာကြောင့် ကိုယ်အလေးချိန် ပိုတက်လာနိုင်ပါတယ်။

1

ခွန်အားဖြည့် အချိုရည်တွေက ခန္ဓာကိုယ်ရဲ့ အာရုံကြော စနစ်နဲ့ နှလုံးကို ထိခိုက်စေပါတယ်။ ခန္ဓာကိုယ်ကို တက်ကြွစေတဲ့ ကဖိန်းဓာတ်တွေနဲ့ သကြားဓာတ်တွေက နှလုံးနဲ့ အာရုံကြောစနစ်ကို ထိခိုက်စေတာပါ။

အားဖြည့်အချိုရည်တစ်ဗူးမှာ သကြား ၇၈ ဂရမ်လောက်ပါတာကြောင့် တစ်ဗူးသောက်တိုင်းသကြား လက်ဘက်ရည်ဇွန်း ၂၀ လောက်စားတာနဲ့ညီမျှပါတယ်။ ဒါကြောင့် သာမန် အချိုရည်တစ်ဗူးမှာအနည်းဆုံး သကြားဓာတ် ၃၀ ဂရမ်နဲ့ ကယ်လိုရီ ၂၈၀ လောက်ပါဝင်ပါတယ်။

images

ကလေးတွေ အန္တရာယ်

ဆေးလိပ်တို့ အရက်တို့လို အသက်အကန့်အသတ်မထားဘဲ ရောင်းချတာကြောင့် ဆယ်ကျော်သက်တို့နဲ့ကလေးတွေအတွက် အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

အားဖြည့်အချိုရည် လွန်ကဲစွာသောက်ပြီး ကဖိန်းဓာတ် များတာကြောင့် ဆေးရုံတက်ရသူတွေထဲမှာ ၅၀ ရာခိုင်နှုန်းက အသက် ၁၉ နှစ်အောက်ဖြစ်ပါတယ်။

အသက် ၄ နှစ်အောက်ဆိုရင် လုံးဝမသောက်သုံးသင့်ပါဘူး။ အသက် ၄ နှစ်ကနေ ၆ နှစ်အတွင်းကလေးတွေက တစ်နေ့ကို အများဆုံး အားဖြည့်အချိုရည် ၄၅ မီလီဂရမ်လောက်ဘဲ သောက်သင့်ပါတယ်။

ဆွီဒင်နိုင်ငံမှာဆိုရင် ခွန်အားဖြည့်အချိုရည်တွေကို ဆေးဝါးရောင်းချတဲ့ဆိုင်မှာဘဲ ရောင်းခွင့်ရှိပြီး ကလေးတွေကို ရောင်းချခွင့် ပိတ်ထားပါတယ်။