သံပုရာသီးနဲ့ သံပုယိုသီး ၂ မျိုးလုံးကို အလှအပအတွက်သာမက ကျန်းမာရေးအတွက် အသုံးပြုလို့ရတဲ့ နည်းလမ်းတွေကို မျှဝေပေးသွားမှာဖြစ်ပါတယ်။

၁။ အအေးမိဖျားနာပျောက်ကင်းဖို့။

သံပုယိုသီးနဲ့သံပုရာသီးမှာ ဗီတာမင် C ပါဝင်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်သလို အအေးမိဖျားနာတာကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ အအေးမိဖျားနာဖြစ်ရင် ရေနွေးပူပူထဲ သံပုရာသီး (သို့) သံပုယိုသီး ညှစ်ထည့်ပြီးသောက်ပေးပါ။

၂။ ရောင်ရမ်းမှုကို သက်သာစေခြင်း

ရောင်ရမ်းမငကို သက်သာစေတဲ့ ဂုဏ်သတ္တိတွေပါဝင်လို့ အဆစ်အမြစ်နာတာအပါအဝင် ရောင်ရမ်မှုတွေကို သက်သာစေပါတယ်။

၃။ အားအင်တိုးမြင့်စေဖို့နဲ့ စိတ်ခံစားချက်ကောင်းမွန်စေဖို့

ဘဝမှာ ပျော်ရွှင်တဲ့သူတစ်ယောက်ဖြစ်လာဖို့ အလေ့အကျင့်ကောင်း ၁၀ ခု

သံပုရာရည် (သို့) သံပုယိုရည်ကိုသောက်ပေးရင် အားအင်တိုးမြင့်စေပြီး စိတ်ဖိစီးမှုပြေပျောက်ကာ စိတ်ခံစားချက်ကောင်းမွန်စေပါတယ်။ ခေါင်းကိုက်လို့ပဲဖြစ်ဖြစ် စိတ်မကြည်မသာဖြစ်နေရင် သံပုရာသီးအနံ့ကိုရှုလိုက်ရင်ပဲ စိတ်ကြည်လင်ပေ့ါပါးစေပါတယ်။

၄။ အစာမကြေခြင်းကို သက်သာစေခြင်း

အစာမကြေဖြစ်တာမျိုးဆိုရင် သံပုရာရည်ကို သောက်ပေးလိုက်ပါ။ အသည်းကိုလည်းကျန်းမာစေပြီးတော့ အစာမကြေတာကိုသက်သာစေပါတယ်။ ဝမ်းချုပ်တာကိုလည်း သက်သာစေပါတယ်။

၅။ ခန္တာကိုယ်အတွင်း အဆိပ်အတောက်တွေဖယ်ရှားပေးဖို့

သံပုရာသီး (သို့) သံပုရာသီးကို အရည်ညှစ်ပြီး ဖျော်သောက်ရင် ခန္တာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး အဟာရဓါတ်စုပ်ယူမှုကို အားကောင်းစေပါတယ်။ဒါ့ကြာင့် အသားအရေ လှပစေပါတယ်။

၆။ ကိုယ်အလေးချိန်နဲ့ သွေးဖိအားကျစေခြင်း

ကိုယ်အလေးချိန်များတာကို လျှော့ချပေးနိုင်ပြီးတော့ သွေးဖိအားများနေရင်လည်း ပိုတက်ဆီယမ်ပါဝင်လို့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်ပါတယ်။ သွေးဖိအားများရင် နှလုံးနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်နိုင်ချေရှိပါတယ်။

၇။ ကျောက်ကပ်ကျောက်တည်ခြင်းကို ကာကွယ်ပေးတယ်။

Citric အက်ဆစ်ပါဝင်လို့ ကျောက်ကပ်ကျောက်တည်ခြင်းကိုကာကွယ်ပေးပါတယ်။ သံပုရာရည် (သို့) သံပုယိုရည်ကိုသောက်ပေးခြင်းဖြင့် Citric အက်ဆစ်ဓါတ်ရရှိလို့ ကျောက်ကပ်ကျောက်တည်တာမျိုးကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။