ကင်ဆာဆိုတာ အန္တရာယ်အရှိဆုံး ရောဂါတစ်မျိုးဖြစ်ပါတယ်။ ၂၀၃၀ ပြည့်နှစ်ဆိုရင် ကင်ဆာခံစားရတဲ့ လူပေါင်း ၆၀ % ခန့် မြင့်တက်သွားမယ်လို့ ခန့်မျန်းထားပါတယ်။ အင်ဒိုနီးရှားမှာ လူသေဆုံးမှုတွေထဲက ကင်ဆာကြောင့် သေဆုံးမှုဟာ ၆.၆ % ရှိပါတယ်။
Antioxidant ပါဝင်မှုများပြီး Anti-Cancer ဓါတ်များတဲ့ အသီးတွေဟာ ကင်ဆာဆဲလ်တွေ ရှင်သန်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီအသီးတွေကတော့
ထောပတ်သီး
ထောပတ်သီးမှာ Antioxidant ပါဝင်ပြီး Folic Acid, Vitamins C, E ဓါတ်တွေအပြင် ကင်ဆာဆဲလ်တွေကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေပါဝင်ပါတယ်။
သခွားမွှေး
သခွားစေ့မှာဆိုရင် အဆုတ်ကင်ဆာကို သေစေနိုင်တဲ့ Carotenoid ဓါတ်ပါဝင်ပါတယ်။ ဒါ့အပြင် ရင်သားကင်ဆာကို တိုက်ဖျက်နိုင်တဲ့ ဂုဏ်သတ္တိတွေ၊ ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးနိုင်တဲ့ ဂုဏ်သတ္တိတွေလည်းပါဝင်ပါတယ်။
ဘယ်ရီသီး
ဘယ်ရီသီးတွေဟာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေ့ို ကာကွယ်ပေးနိုင်ပါတယ်။ Blueberry, Strawberry, Raspberry စတဲ့ အသီးတွေမှာ Antioxidant တစ်မျိုးဖြစ်တဲ့ Ellagic Acid ဓါတ်ပါဝင်ပြီး ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။
စပျစ်သီး
ထောပတ်သီးလိုပဲ စပျစ်သီးမှဆြိုရင်လည်း အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေပါဝင်ပြီး ကင်ဆာကို ကာကွယ်ပေးနိုင်ပါတယ်။
လိမ္မော်သီး
လိမ္မော်သီးမှာ ဗီတာမင် C နဲ့ တခြားဂုဏ်သတ္တိတွေပါဝင်ပါတယ်။ ဒါ့ကြောင့် ကင်ဆာဆဲလ်ကြီးထွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။