ဒီဆောင်းပါးကို ဖတ်ပြီးရင်တော့ စာဖတ်သူတို့ မနက်စာကို ပုံမှန် မပျက်မကွက် စားဖြစ်ကြမယ်လို့ ယုံကြည်မိပါတယ်။ မနက်စာဟာ အရေးကြီးဆုံး အစားအစာတစ်ခုဖြစ်တယ်ဆိုတာစာဖတ်သူတို့ သိပြီးသားဖြစ်မှာပါ။ မနက်စာမစားဘဲနေတာဟာ တစ်နေ့တာလုံး ပင်ပန်းနွမ်းနယ်ခြင်း၊ အစားအလွန်အကျွံစားမိခြင်း၊ မှားယွင်းတဲ့ အစားအစာကို ရွေးချယ်မိခြင်း တွေဖြစ်စေတတ်ပါတယ်။

မနက်စာဟာ အဓိကအရေးပါတဲ့ အစားအစာဖြစ်တာမို့ မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးဖို့လိုအပ်ပါတယ်။

မနက်စာစားပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်မှာ ဘယ်လိုပြောင်းလဲမှုတွေရှိလာမလဲဆိုတာ မျှဝေပေးသွားပါမယ်။

၁။ ကိုယ်အလေးချိန်လျှော့ချပေးနိုင်တယ်

02-1

မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးတာဟာ သင့်ကို ကျန်းမာစေပြီး တစ်နေ့တာလုံးမှာ အားအင်ပြည့်ဝနေစေပါတယ်။ စိတ်ကိုကြည်လင်စေတာကြောင့် သင့်ကို အဝလွန်စေမယ့် အစားအစာကို ရွေးချယ်မဝယ်ယူမိအောင် ကူညီပေးပါတယ်။ သုတေသနပြုချက်အရ မနက်စာစားပေးတာဟာ သွေးတွင်းသကြားဓာတ်ကိုထိန်းပေးပြီး ဆာလောင်မွတ်သိပ်မှုကို သက်သာစေလို့ ကိုယ်အလေးချိန် ကျစေတယ်လို့ဆိုပါတယ်။

၂။ သင့်ရဲ့ ဉာဏ်ရည်စွမ်းဆောင်မှုကို ကောင်းမွန်စေတယ်

03-1

မနက်စာစားပေးတာဟာ သင့်ရဲ့ တက်ကြွဖြတ်လတ်မှု၊ ဉာဏ်ရည်စွမ်းဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

၃။ မနက်စာဟာ တစ်နေ့တာလုံးအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေပေးနိုင်တယ်

04-1

မနက်စာကို အာဟာရပြည့်ပြည့်ဝဝ စားပေးခြင်းဖြင့် တစ်နေ့တာလုံး အားအင်ပြည့်ဝနေပြီး လုပ်ငန်းဆောင်တာတွေကို လန်းဆန်းတက်ကြွစွာနဲ့ လုပ်ဆောင်နေမှာပါ။

၄။ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို ကောင်းမွန်စေတယ်

05-1

အာဟာရပြည့်ဝတဲ့ မနက်စာကို စားပေးတာဟာ သင့်ရဲ့ ဇီဝဖြစ်စဉ်ကို လှုံ့ဆော်ပေးပါတယ်။

၅။ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်တယ်

06-1

မနက်စာပုံမှန်စားပေးတာဟာ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ဗိုက်ဆာတဲ့အခါ လူတွေက ပိုပြီးစိတ်တိုကြသလို စိတ်ဖိစီးမှုလည်း များကြလို့ပါပဲ။

၆။ သင့်ရဲ့ အားကစားစွမ်းဆောင်ရည်ကို ကောင်းမွန်စေတယ်

07

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အနက်စာစာကို စားပေးတာဟာ ကယ်လိုရီကျစေပြီး ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း အားအင်အပြည့်လုပ်ဆောင်နိုင်ပါတယ်။

၇။ ရောဂါဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်

08

ကျန်းမာရေးနဲ့ ညီညွှတ်တဲ့မနက်စာဟာ သင့်ကို ရောဂါအမျိုးမျိုး ဖြစ်ပွားခြင်းကို လျှော့ချပေးနိုင်ပါတယ်။

၈။ စိတ်ခံစားမှုကို ကောင်းမွန်စေတယ်

09

အာဟာရပြည့်ဝတဲ့ မနက်စာဟာ သင့်ကို စိတ်ဖိစီးမှုကင်းစေပြီး သင့်စိတ်ခံစားချက်ကို ကောင်းမွန်စေပါတယ်။

၉။ သင့်နှလုံးကို ကျန်းမာစေတယ်

ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာတွေ့ရှိချက်အရ မနက်စာမစားတဲ့သူတွေဟာ နှလုံးရောဂါဖြစ်နိုင်ချေပိုများတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် မနက်စာပုံမှန်စားပေးရင် နှလုံးကို ကျန်းမာစေမှာပါ။

၁၀။ သင့်မိသားစု မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေးပိုမိုကောင်းမွန်စေတယ်

အရာအားလုံးဟာ သွယ်ဝိုက်သောနည်းလမ်းနဲ့ ဆက်စပ်နေကြတာပါပဲ။ မနက်စာကို မိသားစုစုံစုံလင်လင်နဲ့ စားပေးမယ်ဆိုရင် သင့်မိသားစု အတွင်း ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေမှာပါ။ ဒါ့အပြင် အာဟာရပြည့်ဝတဲ့ မနက်စာကြောင့် တစ်နေကုန် အားအင်အပြည့်ရှိနေပြီး စိတ်ခံစားချက်ကို ကောင်းမွန်စေလို့ သင့်မိတ်ဆွေသူငယ်ချင်းတွေနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်စေပါတယ်။