အပြင်ကရောဂါပိုးတွေ မဝင်ရောက်ဖို့ဆိုတာ ကိုယ်ခံအားစနစ်ကောင်းနေဖို့ လိုပါတယ်။ လူတစ်ယောက်က ကိုယ်ခံအားစနစ်ကောင်းနေရင် ရောဂါပိုးတွေ အလွယ်တကူမဝင်နိုင်တဲ့အတွက် ကျန်းမာရေးလည်း ကောင်းလာပါတယ်။ ဒါကြောင့် နနွင်းမှုန့်ကို ဘယ်လိုသောက်သုံးသင့်တယ်ဆိုတာ ကို ပြောပြပေးလိုက်ပါတယ်။

နနွင်းမှုန့် – ဖန်ခွက်ရဲ့ သုံးပုံ ပုံ တစ်ပုံစာကို ရေ – ဖန်ခွက်ရဲ့ သုံးပုံ ပုံ နှစ်ပုံစာနဲ့ ရောပြီး ၁၀ မိနစ်လောက် အပူပေးပါ။ ပြီးတာနဲ့ အပြင်မှာ ခဏထားပြီး ရေခဲသေတ္တာထဲကို ထည့်ထားရပါမယ်။ ဒါဆိုရင်တော့ နနွင်းမှုန့်အရည်ကို ရရှိပါပြီ။

Source: www.youthtrend.in

သောက်ခါနီးကျရင်တော့ ပန်းကန်လုံးထဲကို နွားနို့ – ခွက်တစ်ခွက်စာထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားတဲ့ နနွင်းမှုန့်အရည်ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာထည့်ပါ။ ပြီးရင်တော့ ပျားရည် – အနည်းငယ်ထည့်မွှေပြီး သောက်ပေးရပါမယ်။ တစ်နေ့ကို တစ်ကြိမ်ပဲ သောက်ပေးရမှာပါ။ ဒီလိုသောက်ပေးခြင်းက ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတဲ့အပြင် ကျန်းမားလှပတဲ့ ခန္ဓာကိုယ်ကိုလည်း ရရှိလာစေမှာပါ။

Source: www.joyoushealth.com