ဦးနှောက်ကျန်းမာရေးကောင်းဖို့က ဆဲလ်အသစ်တွေ ဖွံ့ဖြိုးလာဖို့လည်း လိုအပ်ပါတယ်။ ဒါကြောင့် ဆဲလ်အသစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့လုပ်ဆောင်ရမယ့် နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ပါ

Female Urban Runner

လေ့ကျင့်ခန်း မှန်မှန်လုပ်ရင် သင့် ကြွက်သားနဲ့ အရိုးတင်မကဘဲ ဦးနှောက်ကျန်းမာရေးအတွက်လည်း ကောင်းပါတယ်။ လေ့ကျင့်ခန်းလုပ်ရင် သွေးတွေက ဦးနှောက်ထဲကို စီးဝင်မှုတိုးမြှင့်စေပြီး neurons ဆိုတဲ့ ဆဲလ်အသစ်တွေကို ဖန်တီးပေးပါတယ်။

အဲ့ဒီအပြင် ဦးနှောက်ထဲမှာ သွေးလည်ပတ်မှုနည်းကိုလည်း မြှင့်တင်ပေးပါတယ်။ လေ့ကျင့်ခန်းလုပ်ပေးရင် ဦးနှောက်မှာရှိတဲ့ Hippocampus ကို ကြီးထွားစေပါတယ်။ Hippocampus က စိတ်ခံစားချက်နဲ့ ရေရှည်မှတ်ဉာဏ်တွေကို ထိန်းသိမ်းပေးထားပြီး အသက်ကြီးလာတာနဲ့အမျှ ကျုံ့သွားပါတယ်။

တစ်နေ့ကို ၄၅ မိနစ်လောက် လမ်းလျှောက်ရင်တောင် ဦးနှောက်ရဲ့ Hippocampus အရွယ်အစားကို ကြီးထွားစေပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပါ

စိတ်ဖိစီးမှုများတာဟာ ဆဲလ်အသစ်တွေကို ဖွံ့ဖြိုးတာကို အနှောင့်အယှက်ဖြစ်စေပြီး ဦးနှောက်ရဲ့ hippocampus လုပ်ဆောင်မှုတွေကိုလည်း ထိခိုက်စေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျ၊ ဒေါသထွက်၊ စိတ်လှုပ်ရှားတာတွေကို လျော့ချနိုင်အောင် ကြိုးစားသင့်ပါတယ်။

အောက်ဖော်ပြပါ အစားအစာတွေက ဦးနှောက်ပိုင်းဆိုင်ရာ တစ်ရှူးတွေ ဆဲလ်တွေ ဖွံ့ဖြိုးအောင် ကူညီပေးနိုင်ပါတယ်။

Green Tea

Green Tea မှာပါဝင်တဲ့ Polyphenols က အရေးပါတဲ့ Antioxidant တစ်မျိုးပါ။ Epigallocatechin-3-Gallate (EGCG) Polyphenol က Hippocampus မှာ တစ်ရှူးအသစ်တွေ ဖွံ့ဖြိုးလာအောင်ကူညီပေးပါတယ်။

နနွင်း

နနွင်းက အလျင်အမြန်မှတ်မိအောင်၊ မှတ်ဉာဏ်ကောင်းအောင်နဲ့ Hippocampus ရဲ့ တစ်ရှူးနဲ့ ဆဲလ်တွေကို ပံ့ပိုးပေးပါတယ်။

ဘလူးဘယ်ရီ

Blueberry Picking at New Jersey Pick Your Own Blueberry Farms DiMeo Farms

Flavonoid Antioxidants ဓာတ်တွေပါဝင်ပြီး Hippocampus ရဲ့တစ်ရှူးတွေနဲ့ ဆဲလ်တွေကို ကူညီပံ့ပိုးပေးပါတယ်။

Omega-3 Fatty အက်ဆစ်

ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင်နိုင်ဖို့ ဦးနှောက်က DHA (Docosahexaenoic Acid) အပေါ်မူတည်နေပါတယ်။

သကြားကို ရှောင်ပါ

ပြုပြင်ထားတဲ့ သကြားတွေက ပရိုတင်းဓာတ်နဲ့ ဦးနှောက်ထဲမှာရှိတဲ့ Neurotransmitters တွေကို ထိခိုက်နိုင်ပြီး အဲ့ဒီ Neurotransmitters တွေက လေ့လာမှုနဲ့ မှတ်ဉာဏ် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးတာပါ။