• ၆-၂-၂ဝ၁၄ နေ့ကထွက်တဲ့ ကျန်းမာရေးနဲ့ ဆေးပညာ နိုင်ငံတကာ သတင်းခေါင်းစဉ် ဖြစ်ပါတယ်။
  • အရင်က “ပန်းသီးတနေ့တလုံးစားရင် ဆရာဝန်နဲ့ ဝေးနိုင်တယ်” လို့ ဆောင်ပုဒ်ရှိထားခဲ့ရာကနေ အခုတခါ “ရောဂတ်စားရင်လဲ ဆရာဝန်နဲ့ ခပ်ဝေးဝေးနေနေနိုင်တယ်” လို့ ပြောရမလိုဖြစ်လာတဲ့သတင်းမျိုးပါ။
  • ဒီအသစ်တွေ့ရှိချက်က ဗြိတိသျှသုတေသနလုပ်သူတွေကနေ Diabetologia ထဲမှာရေးလိုက်တာပါ။ ဆရာဝန်တွေက လူပေါင်း ၄ဝဝဝ လောက်ကိုစမ်းသပ်ခဲ့ပါတယ်။ တချို့ဆိုရင် ဆီးချို အမျိုးအစား (၂) ဖြစ်နေတာ ၁ဝ နှစ်ကျော်နေသူတွေဖြစ်ပါယတ်။

  • ရလဒ်ကနေ ဆီးချိုဖြစ်လာနိုင်ခြေ ၂၈% လျော့ချနိုင်တယ်။
  • ရောဂတ်ဆိုတာ အဆီနည်းနည်းပါနွားနို့ကို အချဉ်ဖောက် (ကစော်ဖောက်) ထားတာဖြစ်ပါတယ်။
  • ရောဂတ်လိုဘဲ အဆီနည်းနည်းပါနွားနို့ကနေလုပ်ထားတဲ့ Cottage cheese အိမ်လုပ်ဒိန်ခဲ ကနေလဲ ၂၄% လျော့နည်းစေတာကိုပါ တွေ့ရပါတယ်။ ရောဂတ်ကို တပါတ်မှာ ၄ အောင်စ ရောဂတ် ၄-၅ ရက်စားကြပါတယ်။
  • ဒီလိုအစားအသောက်ကနေဘာလို့ ဆီးချိုဖြစ်နိုင်ခြေနည်းစေသလဲဆိုတာတော့ မပြောနိုင်သေးပါ။ ရောဂတ်ထဲမှာ ဗီတာမင် (ကေ) ပါတာကြောင့်လားလဲ စဉ်းစားကြပါတယ်။ Probiotic bacteria (ပရိုဘိုင်အောတစ် ဗက်တီးရီးယား) ပါတာကြောင့်လားလဲ စဉ်းစာပါတယ်။

  • ရောဂတ်ထဲမှာ ပါတဲ့ အာဟာရဓါတ်တွေကတော့ ပရိုတင်း၊ ကယ်လ်စီယမ်၊ ဗီတာမင် ဘီ ၂၊ ဘီ ၅၊ ဘီ ၁၂ တွေ ဖြစ်တယ်။ အဆီပါဝင်မှုကတော့ (ဝ) ကနေ (၄%) အထိ အမျိုမျိုးရှိတယ်။
  • Yogurt (Yoghurt or Yoghourt) ရောဂတ်ကို နို့အမျိုးမျိုးကနေထုတ်ကြပါတယ်။ နို့ထဲမှာပါတဲ့ Casein (ကေဆင်း ပရိုတင်း) ကို (ဗက်တီးရီးယား) နဲ့တွေ့ပေးထားတာဖြစ်ပါတယ်။ အိန္ဒိယမှာ Da-hi (ဒါဟီး) လို့ ခေါ်တယ်။
  • Lactose-intolerant နို့ထဲမှာပါတဲ့ (လက်တို့စ်) သကြားဓါတ်ကို ခံနိုင်ရည်မရှိသူတွေတချို့ဟာ ရောဂတ်တော့ စားနိုင်တာ တွေ့ရတယ်။

  • လူကြီးတွေရော ကလေးတွေအတွက်ပါ အာဟာရဖြစ်စေတယ်။ အနံ့မွှေးအောင် စထောဘယ်ရီလို ထည့်ထားတာတွေလဲရှိတယ်။
  • ရောဂတ်ကို (အင်တီဘိုင်အောတစ်) ဆေးသောက်လို့ဖြစ်တဲ့ ဝမ်းပျက်တာကို ပေးနိုင်ပါတယ်။
  • ဒီလို ကျန်းမာရေးသတင်းမျိုးကို ခေါင်းစဉ်လေးဖတ်ပြီး တန်းမယုံသင့်ပါ။ ဆီးချိုရောဂါရဲ့ အခြေခံထဲမှာ လူဝတာ ပါတယ်။ ရောဂတ်စားလို့ များလာမဲ့ (ကယ်လိုရီ) ကိုလဲ ထည့်တွက်ရပါမယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ဘို့ လိုတာလဲ မေ့လို့မရပါ။ အချိုမစားရတာကတော့ အဓိကအချက်ဖြစ်ပါတယ်။ မျိုးရိုးလိုက်တာကိုလဲ ပြင်မရနိုင်ပါ။