လူတိုင်းဟာ ဗိုက်ချပ်ချပ်လေးကို ပိုင်ဆိုင်ချင်ကြပါတယ်။ တင်းရင်းလှပတဲ့ ရင်သားကိုလည်း ပိုင်ဆိုင်လိုကြပါတယ်။ ဒါ့ကြောင့် ရိုးရှင်းလွယ်ကူတဲ့ လေ့ကျင့်ခန်းကို မျှဝေပေးသွားပါမယ်။

၁။ အရင်ဆုံး ခြေထောက်နှစ်ဖက်ကို ကျယ်ကျယ်ကားလိုက်ပါ။ ပြီးရင် ဘယ်ဖက်ခြေထောက်ကို ၉၀ ဒီဂရီလှည့်လိုက်ပြီး ညာဖက်ခြေထောက်ကိုတော့ တည့်တည့်ထားလိုက်ပါ။ ပြီးရင် အသက်ရှူထုတ်ပြီး ဒူးကွေးလိုက်ပါ။ ပြီးရင် အသက်ပြန်ရှူသွင်းပါ။ လက်နှစ်ဖက်ကို အပေါ်မတင်လိုက်ပါ။

အဲဒီအတိုင်းခဏနေပေးပါ။ ၁၀ ကြိမ်ထိလုပ်ပေးပါ။

၂။ စောစောကလိုပဲ ခြေထောက်နှစ်ဖက်ကို ကားထားပေးပြီး ဘယ်ဖက်ခြေထောက်ကို ၉၀ ဒီဂရီ ညာဖက်ခြေထောက်ကို ၁၅ ဒီဂရီလှည့်ထားပါ။ ဘယ်ဖက် ခြေကျင်းဝတ်နဲ့ ဘယ်ဖက်လက်ကို ထိပေးပြီးညာဖက်လက်ကို အပေါ်မြောက်ပါ။ နောက်တစ်ဖက်ကို ပြောင်းလုပ်ပေးပါ။ တစ်ဖက်ကို ၁၀ ကြိမ်ဆီဖြစ်ပါတယ်။

၃။ အရင်ဆုံး မှောက်လျက်နေပါ။ ပြီးရင် လက်နှစ်ဖက်ကိုထောက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုကြွပေးပါ။ ဗိုက်ကိုတင်းနေအောင်လုပ်ပြီး အသက်ကိုပြင်းပြင်ရှူလိုက်ပါ။ အဲဒီအတိုင်းနေပါ။ ဝမ်းဗိုက်ကအာရုံစိုက်ထားပါ။ နေနိုင်သလောက်နေပြီး နဂိုအတိုင်းပြန်နေပါ။ ၁၀ ကြိမ်လုပ်ပေးပါ။

၄။ စောစောကလိုပဲ မှောက်လျက်အနေအထားနေပေးပါ။ ပြီးရင် လက်နှစ်ဖက်နဲ့ ခြေထောက်ကို နောက်ပြန်ကိုင်ထားလိုက်ပြီး အသက်ပြင်းပြင်းရှုပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ အသက်အောင့်ပေးပါ။ ပြီးရင် လက်ကိုပန်ချလိုက်ပါ။

၅။ အခုပုံမှာပြထားသလို အရင်ဆုံး မတ်မတ်ရပ်ပါ။ ပြီးရင် ခန္ဓာကိုယ်ကို နောက်ပြန်လှန်ပြီး လက်နှစ်ဖက်နဲ့ ထောက်ထားပေးပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ နေပေးရပါမယ်။ ၁၀ ကြိမ်လုပ်ပေးပါ။

၆။ အခုပုံမှာပြထားသလိုနေပေးရမှာပါ။ စလုပ်တဲ့သူတွေအနေနဲ့ နံရံတစ်ခုကို အားပြုပြီး လုပ်ပေးနိုင်ပါတယ်။ အရင်ဆုံး ဒူးထောက်ထားပါ။ ပြီးရင်လက်နှစ်ဖက်ကို ကြမ်းပြင်မှာ ထောက်ထားပါ။ ပြီးရင် ဒူးနှစ်ဖက်ကို အပေါ်ဖြည်းဖြည်းချင်းမြောက်ပြီး ခေါင်းကို လက်တဒေါင်နှစ်ခု ပေါ် တင်လိုက်ပါ။ ပြီးရင် ခြေထောက်ကိုအပေါ်တန်းတန်းမြောက်ပေးပြီး စက္ကန့် ၃၀ ကနေ ၂ မိနစ်ထိနေပေးပါ။

ရင်သားလှစေမယ့်အပြင် ဗိုက်ချပ်စေမယ့် ယောဂလေ့ကျင့်ခန်းတွေ

၇။ အရင်ဆုံး ဒူးထောက်ထားပါ။ ပြီးရင် ခန္ဓာကိုယ်အပေါ်ပိုင်းကို ကော့ပေးပြီး လက်နှစ်ဖက်ကို ခြေထောက်နားမှာ ကိုင်ပေးထားပါ။ အဲဒီအတိုင်း စက္ကန့် ၃၀ နေပါ။ ပြီးရင် ခဏနားပြီးထပ်လုပ်ပါ။ ၁၀ ကြိမ်လုပ်ရပါမယ်။