တချို့ လူတွေက ဝီစကီကို ကိုကာကိုလာ သို့မဟုတ် Gingerale တို့နဲ့ ရောစပ်ပြီးသောက်ကြလေ့ရှိပါတယ်။

စာရေးသူလည်း ဝီစကီ ဂျိုးတွေနဲ့ အပေါင်းအသင်းမဖြစ်ခင်က အဲ့လိုဘဲ သောက်ခဲ့ကြတာပါ။

ဒါပေမယ့် လော့အိန်ဂျလိစ် မြို့မှာပြောင်းလိုက်တော့ ဝီစကီ ဂျိုးတွေနဲ့ အဖွဲ့ကျမိသွားတယ်။ တစ်နေ့တော့ ဝီစကီ ဂျိုးတွေ လုပ်တဲ့ ပါတီပွဲကို သွားခဲ့တယ်။ အဲ့မှာ ကျွန်တော်လည်း ဝီစကီကို ချစ်မိသွားတော့တာပါဘဲ။

အမှန်တော့ အသက် ၁၈နှစ်ပြည့်ကတည်းက ဝီစကီသောက်ခဲ့ပေမယ့် ကြိုက်လှချည်တော့မဟုတ်။ ဝီစကီကို ချစ်မိသွားတာက ဝီစကီခွက်ထဲက ရေစက်အနည်းငယ်ကြောင့်ပါ။

ဝီစကီထဲမှာရေရောသောက်ရင်

ဝီစကီအရက်ကို ခွက်ထဲမှာထည့်ပြီး ရေရောလိုက်တာနဲ့ အနံ့တွေ၊ အရသာတွေနဲ့ ပုံစံတွေပါ ပြောင်းလဲသွားပါတယ်။ ပိုအရသာရှိသွားတယ်ပေါ့။

ဝီစကီထဲမှာ အနံ့ (Aroma) မော်လီကျုးလေးတွေက တစ်ခုနဲ့တစ်ခု တင်းကျပ်ကျပ်ပေါင်းစည်းထားပါတယ်။ ဒါပေမယ့် ရေအနည်းငယ်ထည့်လိုက်တဲ့အခါမှာ ဝီစကီကနေ အနံ့ (Aroma) မော်လီကျုးလေးတွေက ခွဲထွက်သွားပြီး လေပေါ် တက်သွားပါတယ်။ ဝီစကီရဲ့ အနံ့လေးက သင့်ကို ဆွဲဆောင်ပါတယ်။

ဝီစကီလေးကို ရေရောလိုက်ပြီးနောက် သောက်လိုက်တဲ့အခါမှာ ဝီစကီ အရည်လေးတွေက လျှာပေါ်ရောက်သွားရင် အသီးအရသာလိုလို ငန်တန်တန်လေး ခံစားရမှာပါ။ အရင်ကလို ချိုပြီး ရှတတ ပြင်းရှရှ အရသာ မျိုးခံစားရမှာမဟုတ်ပါဘူး။ ဒါကြောင့် ရေရောလိုက်တဲ့အရသာကို သင့်လျှာက ပိုပြီး ကြိုက်နှစ်သက်ပါတယ်။

ရေဘယ်လောက်ထည့်သင့်သလဲ

ဝီစကီအရသာ စမ်းသပ်မှုတွေပြုလုပ်တဲ့ပွဲမှာတော့ ပြွန် (eyedroppers) နဲ့ ရေ ၅ စက်လောက်ကို ဝီစကီ ၂ပက်ခွက်ထဲထည့်ပြီး သောက်ကြည့်ချိန်မှာ အရင်သောက်နေကျတွေထက် အန့ံ့ကော အရသာပါ ပိုကောင်းနေပါတယ်။

ရေခဲထည့်သောက်ရင်

ကိုယ်က ရေခဲထည့်သောက်တဲ့သူဆိုရင်တော့ ရေထပ်ထည့်စရာမလိုတော့ပါဘူး။ ဈေးပေါတဲ့ ဝီစကီတွေကို သောက်ရင်တော့ ရေခဲများများထည့်သောက်ပေးပါ။ ရေခဲက အရက်ရဲ့ လောင်ကျွမ်းမှုအားကို လျော့နည်းစေတာကြောင့် သင့်ကို သိပ်မထိခိုက်နိုင်တော့ပါဘူး။

ကိုယ်တိုင် စမ်းသပ်ကြည့်ပါ

လူတိုင်းမှာ အာရုံခံနိုင်စွမ်းတွေပါရှိတာကြောင့် ကိုယ်ကြိုက်တဲ့ အရသာကို စမ်းသပ်ကြည့်ပါ။ ခွက်တစ်ခွက်ထဲကို ဝီစကီထည့်ထားပြီး ရေကို တစ်စက်ချင်းစီချကြည့်ပြီး မြည်းစမ်းကြည့်ပါ။ ဘယ်လို အခြေအနေမျိုးမှာ ကိုယ့်အကြိုက်ဆုံးဖြစ်သလဲဆိုတာ ရှာကြည့်လိုရပါတယ်။