ကိုယ်အလေးချိန်လျော့အောင် အစားတွေလျော့စား နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့် လျော့ချလို့မရတဲ့ အခြေအနေတွေ တွေ့ဖူးမှာပါ။

ဒါက ကိုယ်အလေးချိန်လျော့ချနည်း အမှားတွေကို သင်လုပ်နေမိလို့ပါဘဲ။

ကိုယ်အလေးချိန်လျော့ချဖို့အတွက် အစာကို ချက်ခြင်းဖြတ်စရာမလိုဘဲ ကျန်းမာရေးအတွက် သင့်တော်တဲ့ အစားအစာတွေကို ရွေးချယ်စားပေးဖို့ဘဲ လိုအပ်တာပါ။

ဒါ့ကြောင့် ကိုယ်အလေးချိန် လျော့ချရာမှာ လုပ်မိတတ်တဲ့ အမှားတွေကို ဝေမျှချင်ပါတယ်။

အစာမစားခြင်း

လူရာပေါင်းများစွာက အစာ စားချိန်တစ်ချိန်မစားရင် ကိုယ်အလေးချိန်လျော့ချနိုင်တယ်လို့ ထင်နေကြပါတယ်။

တကယ်တမ်းကျတော့ မဟုတ်ပါဘူး။

ဗိုက်ဆာလာရင် စွမ်းအင်တွေကို အဆီအဖြစ်ပြောင်းလဲတဲ့ ဟော်မှုန်းတွေပိုထွက်လာပါတယ်။ အဲ့ဒီအပြင် ဇီဝကမ္မဖြစ်စဉ်တွေကို လျော့ချလိုက်ပြီး ကယ်လိုရီလောင်ကျွမ်းမှုတွေလည်း လျော့ကျလာပါတယ်။

ဗိုက်အရမ်းဆာလာပြီး ခါတိုင်းထက် အစားအစာတွေကို ပိုစားမိလာပါတယ်။

ပြင်းပြင်းထန်ထန် ကိုယ်အလေးချိန် လျော့ချခြင်း

ကယ်လိုရီ မပါသလောက် အစားအစာတွေဘဲ ရွေးချယ်စားသောက်ရင်းနဲ့ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေ ကုန်သွားတတ်ပါတယ်။

ပြင်းပြင်းထန်ထန် အစာလျော့ပြီး ကိုယ်အလေးချိန်လျော့ချတာကိုရှောင်ကြဉ်သင့်တဲ့ အချက်များမှာ

  • ကိုယ်အလေးချိန် ကျဆင်းမှု မြန်တာမှန်ပေမယ့် ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။
  • ရေတို၊ ရေရှည်မှာ ဇီဝကမ္မဖြစ်စဉ်တွေ ကမောက်ကမဖြစ်စေပြီး ချထားတဲ့ ကိုယ်အလေးချိန်တွေ ချက်ခြင်းပြန်တက်စေပါတယ်။
  • ကြွက်သားတွေ လျော့ရွဲလာပြီး အရိုးကျန်းမာရေးကို ထိခိုက်စေပါတယ်။

ကယ်လိုရီ တအား လျော့ခြင်း

ကယ်လိုရီဓာတ်ကလည်း ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ကိုယ်အလေးချိန်ကျဖို့ ကယ်လိုရီအရမ်းလျော့ပြီး စားရင် အားနည်းတာမျိုး ဖြစ်တတ်ပါတယ်။

စားတဲ့ အစားအစာတွေထဲမှာ မပါမဖြစ်ပါဝင်ရမယ့် ဓာတ်များ

ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာများ

ပရိုတင်းဓာတ်

Omega 3 Fatty အက်ဆစ်

Antioxidants

အမျှင်ဓာတ်

ဗီတာမင်နဲ့ သတ္တုဓာတ်များ တို့ဖြစ်ပါတယ်။