ကျန်းမာရေးကောင်းမွန်ဖို့အတွက် ကောင်းမွန်တဲ့အစားအသောက်ကိုပဲ စားသုံးရုံနဲ့မလုံလောက်ပါဘူး။ သင့်တင့်မျှတသော အချိုးအစားရှိတဲ့ အစားအသောက်များကို အချိန်မှန်မှန်စားသုံးဖို့က အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ညမိုးချုပ်အချိန်မတော်တွင် အဆီအစိမ့်များပြားသည့် အစားအသောက်များကို စားသုံးခြင်းသည် သင့်ခန္ဓာကိုယ်၏အစာခြေစနစ်တွင် အဟန့်အတားဖြစ်သွားစေနိုင်သလို အိပ်စက်ချိန်ကိုလည်း အနှောင့်အယှက်ပေးနိုင်ပါတယ်။ ထို့အပြင် အိပ်စက်နေစဉ်အတွင်း ကယ်လိုရီများ လောင်ကျွမ်းနိုင်ချေနည်းပါးသည့်အတွက် ကိုယ်အလေးချိန်တက်ဖို့ကို အလားအလာများစေနိုင်ပါတယ်။

ညစာမစားသည့်အခါတွင်လည်း ဆာလောင်မှုက သင့်ကိုနှိုးကြားနေစေမှာဖြစ်သောကြောင့် အချိန်မတော်အဆာပြေစားဖို့ကို ပို၍တွန်းအား ပေးနိုင်ပါတယ်။ ထို့ကြောင့် ညဖက်အင်မတန်နောက်ကျသည့်အချိန်များတွင် လုံးဝစားသုံးရန်မသင့်တော်သည့် အဆိုးရွားဆုံးအစားအစာများကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ ကော်ဖီ

ကော်ဖီ၏နှိုးကြွားစေသည့် ဓာတ်သတ္တိကြောင့် အိပ်ရာထဲတွင် နာရီပေါင်းအတော်ကြာအောင် အိပ်မရဖြစ်စေနိုင်ပါတယ်။ ညဖက်အိပ်ရေး၀၀မအိပ်စက်ရသည့်အခါ အာရုံကြောဆိုင်ရာအလုပ်လုပ်မှုများကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး နေ့ခင်းနေ့လည်အလုပ်ချိန်များတွင် ငိုက်မြည်းနေစေနိုင်ပါတယ်။

၂။ အရက်

Source: Diet Doctor

မူးဝေသည့်ခံစားချက်ကိုဖြစ်စေသော်လည်း လန်းဆန်းတက်ကြွစေသည့်အိပ်စက်မှုကိုတော့ ဖြစ်ပေါ်စေမည်မဟုတ်ပါ။ အရက်သောက်သုံးခြင်းသည် မြန်မြန်ဆန်ဆန်နှင့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေသော်လည်း Rapid Eye Movement ဟုခေါ်သောအိပ်စက်မှုကို လျော့ကျစေသောကြောင့် ဦးနှောက်မှတ်ဉာဏ်ကို အနှောင့်အယှက်ပြုနိုင်ပါတယ်။

၃။ နီရဲရဲအရောင်ရှိအသားများ

Source: Don’s Meats – Centerville

စတိတ်ခ်နှင့် အခြားအနီရောင်ရှိအသားထုတ်ကုန်များတွင် အဆီနှင့်ပရိုတင်းဓာတ်ပါဝင်မှု မြင့်မားသောကြောင့် အစာကြေရန်အချိန်အတော်ယူရပြီး အစာခြေဖျက်နေစဉ်တစ်လျှောက်လုံး သင့်ကိုနှိုးကြားနေစေမှာဖြစ်ပါတယ်။ အကျိုးဆက်အနေဖြင့် နောက်တနေ့မနက်ခင်းတွင် သင့်ကိုလေးလံထိုင်းမှိုင်းနေစေမှာပါ။

၄။ ပဲများ

Source: news24online.com

ကျန်းမာရေးနှင့်ညီညွတ်သည့်အစားအစာတစ်မျိုးဖြစ်သော်လည်း ညအချိန်စားသုံးမှုမှတော့ ရှောင်ရှားသင့်ပါတယ်။ ပျော်ဝင်နိုင်သောဖိုက်ဘာဓာတ်အများအပြားပါဝင်သည့်အတွက် ညဖက်အချိန်မတော် လေပွခြင်းနှင့် ဗိုက်ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၅။ အဆီအစိမ့်များသည့်အစားအစာများ

ချိစ်ကိုစားသုံးခြင်းသည် ကျန်းမာရေးအတွက် သင့်တော်ကောင်းမွန်သော်ငြားလည်း အဆီအစိမ့်အမြောက်အမြားပါဝင်သည့် ချိစ်များကို ညမိုးချုပ်အချိန်တွင် စားသုံးပါက အစာခြေဖျက်မှုကိုမသက်မသာဖြစ်စေရုံသာမက ကယ်လိုရီအမြောက်အမြားလည်းပါဝင်ပါသေးတယ်။

၆။ ဆီကြော်စာများ

Source: Today Show

မုန့်ကြွပ်များ၊ အာလူးကြော်များ၊ ချိစ်ဘာဂါများ နှင့် အခြားကယ်လိုရီအများအပြားပါဝင်သည့် စားစရာများသည် အစာခြေဖျက်ရန်အလွန်အချိန်ယူသောကြောင့် အစာအိမ်အတွင်းအက်စစ်လွန်ကဲမှုကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။

၇။ ဆိုဒါအအေးများ

Source: Harvard Gazette – Harvard University

ညဖက် ဆိုဒါအအေးများကို သောက်သုံးခြင်းသည် အစာအိမ်ဖိအားကို တိုးတက်စေကာ အအေးအတွင်းပါဝင်သည့် သကြားပမာဏသည် သင့်ကိုယ်ခန္ဓာစွမ်းအင်ကိုမြင့်တက်စေသောကြောင့် ညဖက်အိပ်စက်မှုကို အနှောင့်အယှက်ပေးနိုင်ပါတယ်။

၈။ ချောကလက်များ၊ သကြားလုံးများ

ကဖင်းဓာတ်ကဲ့သို့ပင် သင့်ကိုအချိန်ကြာကြာ နိုးကြားနေစေမှာဖြစ်သလို သကြားနှင့် အဆီဓာတ်များပြည့်နေသောကြောင့် ကိုယ်အလေးချိန်တက်လာစေနိုင်ပါတယ်။