ဆီးချိုရောဂါသည် ယနေ့အချိန်တွင် အဖြစ်များဆုံးသော ရောဂါများထဲတွင် တစ်ခုအပါအဝင်ဖြစ်လာပါသည်။ ဆီးချိုရောဂါဝေဒနာခံစားလာရပြီဆိုပါက ခန္ဓာကိုယ်အတွင်းရှိ ကိုယ်အင်္ဂါအစိတ်အပိုင်းများကို သက်ရောက်မှုမရှိစေရန်အတွက် ဆီးချိုပမာဏကို သတ်မှတ်ထားသည့်အတိုင်း ထိန်းချုပ်ရန် အရေးကြီးပါသည်။ ရောဂါကို ထိန်းချုပ်သည့်အခါမှာ စားသောက်မှုပုံစံကလည်း အရေးကြီးသည့်အပိုင်းတွင် ပါဝင်နေပါသည်။

ဆီးချိုရောဂါဆိုးရွားလာခြင်းမှ ဟန့်တားပေးနိုင်သည့် အစားအစာများရှိသလို ပိုမိုဆိုးရွားလာစေနိုင်သည့် အစားအစာများလည်း ရှိပေသည်။ ထို့ကြောင့် ဆီးချိုရောဂါရှင်များ မိမိနှင့် ကိုက်ညီမအပ်စပ်သည့်အစားအစာများကို စားသုံးမိခြင်းမှ ရှောင်ရှားနိုင်စေရန် မျှော်လင့်၍ ဝေမျှပေးလိုက်ရပါသည်။

၁။ ပေါင်မုန့်ဖြူ

w b

ပေါင်မုန့်ဖြူတွင် ကယ်လိုရီပါဝင်မှုမရှိသည့်အတွက် စားသုံးပြီးနောက်မှာ ခန္ဓာကိုယ်မှ အလျင်အမြန်စုပ်ယူသွားနိုင်ပါသည်။ ထိုသို့အမြန်အဆန်စုပ်ယူလိုက်ခြင်းက ဆီးချိုအပေါ်သက်ရောက်မှုရှိနိုင်ပါသည်။

၂။ ချိုစိမ့်သည့် Cereal များ

cereal

Cereal အများစုတွင် အစာချေစနစ်ကို လျင်မြန်စေသည့် ကာဗွန်ဟိုက်ဒရိုတ် နှင့် သကြားတို့ပါဝင်သည့်အတွက် စားသုံးလိုက်မိသည်နှင့် ဆီးချိုပမာဏကို တရှိန်ထိုး မြင့်တက်သွားစေနိုင်ပါသည်။

၃။ အဆီများသည့်အသားများ

meat

အဆီပါသည့်အသားများကို စားသုံးခြင်းက သွေးအတွင်းရှိ ကိုလက်စထရောပမာဏကို မြင့်တက်စေသောကြောင့် အလွန်အကျူးစားသုံးမိပါက နှလုံးဆိုင်ရာရောဂါများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

၄။ ဆိုဒါ

soda

အချိုဓာတ်ရှိသည့် ဆိုဒါအအေးများကို သောက်သုံးခြင်းသည် ဆီးချိုပမာဏ နှင့် ကိုယ်အလေးချိန်ကို တိုးစေနိုင်သည့်အတွက် ထိုဆိုဒါများကို သောက်သုံးမည့်အစား လက်ဖက်ရည်ကြမ်းကို ပြောင်းသောက်ခြင်းက ဆီးချိုသမားများအတွက် အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်ပါသည်။

၅။ အဖြူရောင်ဆန်

white rice

အဖြူရောင်ဆန်သည် အာရှတဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် စားသုံးနေကြသော အဓိကစားသောက်ကုန်တစ်မျိုး ဖြစ်သော်လည်း ဆီးချိုသမားများ အလွန်အကျူးစားသုံးမိပါက ဆီးချိုပမာဏကို မြင့်တက်သွားစေနိုင်ပါသည်။

၇။ အာလူးနှင့် အာလူးကြော်များ

french fries

ဆီးချိုရောဂါရှိသူများသည် အာလူးကို မည်သည့်ပုံစံနှင့်မျှ စားသုံးလို့မဖြစ်နိုင်ပါ။ အာလူးတွင်ပါဝင်သည့် ကစီဓာတ်သည် ခန္ဓာကိုယ်အတွင်း လှည့်ပတ်နေသော သွေးထဲသို့ စိမ့်ဝင်သွားပါက သွေးဂလူးကို့စ်ပမာဏကို ရုတ်ချည်းဆိုလို မြင့်တက်သွားစေနိုင်ပါသည်။

၈။ ပန်ကိတ် သို့မဟုတ် သကာရည်ပါဝင်သည့် ဝေဖာများ

pancake

အချိုနှင့် တွဲဖက်စားသုံးရသည့် အစားအစာများဖြစ်သည့်အတွက် စားသုံးလိုက်မိလျှင် ဆီးချိုပမာဏကို တက်သွားစေနိုင်၍ အတိုင်းအတာမရှိ စားသုံးမိသည့်အခါမှာ နှလုံးဆိုင်ရာ ရောဂါဝေဒနာများကိုပါ ခံစားလာရနိုင်ပါသည်။

၉။ အချိုဓာတ်ပါဝင်သည့် အသီးအနှံများ

banana-1199973_960_720

အချို့သော အသီးအနှံများမှာ ဆီးချိုသမားများနှင့် သင့်တော်မှုရှိသော်လည်း သကြားဓာတ်အများအပြားပါဝင်သည့် အသီးအနှံများကို စားသုံးမိခြင်းက သွေးအတွင်းရှိ သကြားပမာဏကို မြင့်တက်သွားစေနိုင်ပါသည်။

၁၀။ အနံ့အရသာရှိသည့် ကော်ဖီများ

coffee

သကြားလုံးဝမပါဝင်သည့် ဘလက်ကော်ဖီသောက်သုံးခြင်းက ဆီးချိုသမားများအတွက် မည်သည့်ပြဿနာမျှ မရှိနိုင်သော်လည်း အချိုအစိမ့်တို့ပါဝင်သည့် ကော်ဖီကို သောက်သုံးမိလျှင်တော့ ပြဿနာရှိလာနိုင်ပါသည်။ ထိုကော်ဖီများတွင် ကယ်လိုရီ နှင့် သကြားဓာတ်အမြောက်အမြားပါရှိသည့်အတွက် သောက်သုံးလိုက်သည်နှင့်အမျှ ဆီးချိုပမာဏမှာလည်း တိုးမြင့်သွားနိုင်ပါသည်။