အခုဖော်ပြမယ့် အစားအစာများက သွေးအတွင်း သကြားဓာတ်ကို မြင့်တက်စေပြီး ဆီးချိုရောဂါနဲ့ မတည့်တဲ့ အစားအစာများဖြစ်ပါတယ်။

သကြားလုံး

သကြားလုံး၊ ကွတ်ကီး နဲ့ ကာဗိုဟိုက်ဒရိတ် နည်းတဲ့ အစားအစာများက သွေးအတွင်း အချိုဓာတ်ကိုမြင့်တက်စေပြီး ဆီးချိုကို ပိုဆိုးစေပါတယ်။ ကိုယ်က အချိုကြိုက်တဲ့သူဆိုရင် ပန်းသီး၊ Berries သီး၊ သစ်တော်သီး၊ စပျစ်သီးနဲ့ လိမ္မော်သီးတို့မှာလည်း အချိုဓာတ်ရှိတာကြောင့် ကိုယ့်သွေးအတွင်း အချိုဓာတ်အပေါ်မူတည်ပြီး စားသုံးလို့ရပါတယ်။ အသီးတွေကို စားသုံးနေစဉ်မှာလည်း သွေးအတွင်း အချိုဓာတ်ကို ကျဆင်းစေတဲ့ အခွံမာအသီးတို့၊ ဒိန်ချဉ်တို့နဲ့လည်း တွဲပြီး စားသုံးသင့်ပါတယ်။

နွားနို့

ဆီးချို ဖြစ်နေတဲ့သူတွေက အဆီများတဲ့ နွားနို့နဲ့ မတည့်ပါဘူး။ အဆီများတဲ့ နွားနို့အစား Low Fat နွားနို့ နဲ့ အဆီထုတ်ထားတဲ့ နွားနို့ကို သောက်သင့်ပါတယ်။ နွားနို့ အဆီများများကနေ ထုတ်လုပ်ထားတဲ့ Cream တွေ၊ အဆီများတဲ့ ဒိန်ချဉ်၊ ချီးစ် နဲ့ ခရမ် ချီးစ် (Cream Chesse) တို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

အဖြူရောင် ပေါင်မုန့်

Source: Dinner, then Dessert

အဖြူရောင် ပေါင်မုန့်၊ အဖြူရောင် ဆန် စတာတွေမှာ သကြားဓာတ်တွေလို အချိုဓာတ်တွေ အများကြီးပါဝင်တာကြောင့် အနည်းငယ်သာ စားသင့်ပါတယ်။

အာလူးကြော်

အာလူးကြော် (French Fries)တွေမှာ အဆီဓာတ်တွေ ပါဝင်တာကြောင့် ကိုယ်အလေးချိန် တက်စေပြီး သွေးအတွင်း သကြားဓာတ်ကိုလည်း မြင့်တက်စေပါတယ်။ အာလူးကြော်တွေက သွေးအတွင်း ကလူးကို့စ် (Glucose) ဓာတ်တွေမြင့်တက်စေပါတယ်။