ဒီအချိန် ဈေးသွားလို့ကတော့ ဗုံလုံသီးတွေ ပေါမှပေါပဲနော်။ မြွေပုံစံမို့လို့ အင်္ဂလိပ်လိုဆို snake gourd လို့ခေါ်ပြီး မြန်မာလိုတော့ ပဲလင်းမြွေသီးလို့ ခေါ်ပါတယ်။ အပူငြိမ်းစေတဲ့ ရာသီစာဖြစ်လို့ ဒီအချိန် ဗုံလုံသီးချက်စားမယ့် စာဖတ်သူတို့အတွက် ဗုံလုံသီးရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆီးချိုအတွက်ကောင်းမွန်တယ်။

ဗုံလုံသီးဟာ ဆီချိုးသမားတွေ စားသုံးဖို့သင့်တော်တဲ့ ရာသီစာတစ်မျိုးဖြစ်ပါတယ်။ အဟာရဓာတ်ကြွယ်ဝစွာပါဝင်ပြီး ကယ်လိုရီပါဝင်မှုနည်းပါတယ်။ အမျှင်ဓာတ်ကြွယ်ဝပြီး ကလူးကို့စ်ပမာဏ ကိုထိန်းပေးလို့ ဆီးချိုကျစေပါတယ်။

အစာခြေစနစ်

အမျှင်ဓာတ်တွေကြွယ်ဝစွာပါဝင်လို့ အစာခြေစနစ်ကို ကောင်းမွန်စေပါတယ်။ ဝမ်းချုပ်တာကို အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။

နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး

အိန္ဒိယနိုင်ငံက သွေးတိုးရောဂါရှိတဲ့သူတွေဆို ဗုံလုံသီးကိုစားသုံးပေးကြပါတယ်။ သွေးလည်ပတ်မှုကိုကောင်းမွန်စေပြီး နှလုံးသွေးကြောကိုကျန်းမာစေပါတယ်။ ပိုတ်ကဆီယမ်ပါဝင်လို့ နှလုံးရဲ့ လုပ်ဆောင်ချက်ကို ကောင်းမွန်စေပါတယ်။ နှလုံးကိုလည်း အားကောင်းစေလို့ နှလုံးဝေဒနာရှင်တွေ စားပေးသင့်တဲ့ အသီါ်ပါ။

ချွဲ၊ သလိပ် ပျော်စေခြင်း

ဗုံလုံသီးဟာ ချွဲ၊ သလိပ်ကို ပျော်စေတဲ့ အကျိုးအာနိသင်ရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးပြီး ရေဓာတ်ခမ်းခြောက်ခြင်း အသားအရေ ခမ်းခြောက်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။

ကိုယ်ခံအားစနစ်မြင့်တင်ပေးခြင်း

ဗီတာမင်နဲ့ Antioxidant Carotenes ပါဝင်လို့ ကျန်းမာရေးအတွက်အထူးကောင်းမွန်ပြီး ကိုယ်ခံအားစနစ်ကို မြင့်တင်ပေးနိုင်ပါတယ်။

အသားဝါသက်သာစေခြင်း

Treating-Jaundice

ဗုံလုံသီးကို စားပေးရင် အသားဝါတာလည်း သက်သာစေပါတယ်။ ဗုံလုံသီးအရွက်ကို အသားဝါအတွက် အသုံးပြုကြပါတယ်။ ဗုံလုံရွက်ကို နံနံစေ့နဲ့ရောပြီး ပြုတ်ထားတဲ့အရည်ကို ခန္ဓာကိုယ်အနှံ့လိမ်းပေးမယ်ဆိုရင်လည်း အသားဝါကို ကုသပေးနိုင်ပါတယ်။

ကျောက်ကပ်ကျန်းမာရေး

ဗုံလုံသီးဟာ ဆီးသွားမှန်စေပြီး ကျောက်ကပ်ကိုကျန်းမာစေပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးလို့လည်း အသည်းကိုကျန်းမာစေပါတယ်။