ဘောင်းဘီတိုတိုလေးတွေ ၊ ဂါဝန်တိုတိုလေးတွေ ဝတ်တဲ့အခါမှာ ကိုယ့်အသားအရေက လှပဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အသားအရေကို လှပဖြူစင် ချောမွတ်စေနိုင်တဲ့ လျို့ဝှက်ချက်များကို ဝေမျှချင်ပါတယ်။

အာဟာရမျှတအောင် စားသုံးပါ

အစားအသောက်လျော့ပြီး ကိုယ်အလေးချိန်ကျအောင် လုပ်ရင်လည်း အသားအရေရဲ့ အလှအပကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် အားကစားတစ်ခု လုပ်ရင်း ကိုယ်အလေးချိန်ကျအောင်လုပ်တာက ပိုကောင်းပါတယ်။ အသားအရေလှပအောင်ကလည်း ကိုယ်စားနေတဲ့အစားအစာမှာ အာဟာရမျှတဖို့က အရေးကြီးပါတယ်။

တစ်နေ့တာ အစားအစာတွေမှာ

    • ပရိုတင်း (အသား၊ အခွံမာအသီး၊ အသီးအနှံ)
    • Lecithin ဓာတ်(ကြက်ဥ၊ ခရမ်းချဉ်သီး၊ ဟင်းနုနွယ်၊ ပဲပု်)
    • Fatty Acids (ငါး၊ သံလွင်ဆီ၊ ထောပတ်သီး နှင့် အခွံမာအသီး)
    • အဆီကိုလောင်ကျွမ်းနိုင်တဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်များ (grapefruit)

ရေ

အသားအရေလှပဖို့အတွက် ရေက အဓိကကျပါတယ်။ တစ်နေ့ကို ရေ ၂ လီတာလောက် သောက်သုံးသင့်ပါတယ်။ ၂လီတာဆိုတာ ရေသီးသန့်ကို ပြောတာဖြစ်ပြီး ကော်ဖီ၊ လက်ဘက်ရည်နဲ့ တခြား အရည်တွေ သောက်တာကို ထည့်မတွက်ရပါဘူး။

အားကစားလုပ်ပေးပါ

သင် သုံးစွဲလိုက်တဲ့ ကယ်လိုရီတွေထက် သင်ပိုပြီး စားသုံးနေရင် သင့်ခန္ဓာကိုယ်မှာ အဆီတွေ စုလာပြီး အဆီတွေများလာရင် အသားအရေရဲ့ Cellulite တွေကို ထိခိုက်စေပြီး အသားအရေ လှတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် အားကစားလုပ်ပြီး ခန္ဓာကိုယ်က ပိုနေတဲ့ ကယ်လိုရီတွေ အဆီတွေကို ချေဖျက်ပါ။ ဒီလို အဆီတွေနဲ့ ကယ်လိုရီတွေကို ကို ချေဖျက်ရာမှာ Cardio က ပိုပြီးသင့်လျော်ပါတယ်။ ထိုင်ထ၊ ကြိုးခုန်တာတွေက Cardio အမျိုးအစားထဲမှာပါဝင်ပြီး အေရိုးဗစ်လည်း ဆော့လို့ရပါတယ်။ ဒါကြောင့် gym တွေမှာဆိုရင် cardio ကစားတဲ့ ရက်သတ်သတ်မှတ်မှတ်နဲ့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။