ဂေါ်ဖီရွက်တွေကို ရင်သားမှာကပ်ပေးတဲ့နည်းလမ်းကို ဥရောပနဲ့ အမေရိကန်က အမျိုးသမီးတွေ အသုံးပြုလာကြပါတယ်။

ဒါကတော့ နို့တိုက်ကျွေးနေစဉ်မှာ ရင်သားနာတာ တင်းတာ အဆင်မပြေဖြစ်တာတွေကို သက်သာစေပါတယ်။


ဒါ့အပြင် ဘရာဇီယာကြပ်ကြပ်ဝတ်ထားလို့ နာတာ နဲ့ အဆင်မပြေဖြစ်တာတွေကိုလည်း သက်သာစေပါတယ်။

ဘယ်လိုသုံးမလဲ

ဂေါ်ဖီထုပ်တစ်ထုပ်ကို ရေခဲသေတ္တာထဲမှာ ၁ နာရီလောက်ထားပါ။ ပြီးရင် အရွက်တစ်ခုကိုခွာပြီး လွှွှင့်ပစ်လိုက်ပါ။ ပြီးရင် နှစ်ရွက်လောက်ထပ်ခွာပြီး အတွင်းသားကို သုံးပါ။

ပြီးရင် ရေအေးနဲ့ ဆေးပေးပါ။ သေချာဆေးပေးပြီးရင် ကိုယ့်ရင်သားနဲ့ သင့်တော်တဲ့အနေအထားဖြစ်အောင်လှီးလိုက်ပါ။

ပြီးရင်ဘရာဇီယာနဲ့တွဲပြီးဝတ်လိုက်ပါ။ နို့သီးခေါင်းကိုမဖုံးဘဲ အတွင်းဖက်ရွေ့ပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ထုတ်ပေးပါ။

ဒီနည်းအတိုင်း ဝေဒနာသက်သာသွားတဲ့ထိ အခေါက်ခေါက် အခါခါ လုပ်ပေးနိုင်ပါတယ်။