အံဆုံးဆိုတာ လူကြီးသွား စုစုပေါင်း (၃၂) ချောင်းထဲက အထက်-အောက်၊ ဘယ်-ညာ နောက်ဆုံးက သွား (၄) ချောင်း ဖြစ်တယ်။ တိတိကျကျဆိုရင် တတိယမြောက် အံသွားတွေဖြစ်တယ်။ အသက် ၁၂ နှစ်ကနေ ၂၅ နှစ်အတွင်းပေါက်တယ်။ လူဦးရေ ၃၅% မှာ အံဆုံးမပေါက်ကြပါ။ Impacted wisdom teeth အံဆုံးပေါက် မထွက်နိုင်တဲ့ရောဂါဆိုတာ ရှိတယ်။ ဒီလိုဖြစ်တာထဲမှာ မတူတာတွေ ရှိတယ်။

  • Mesioangular impaction ဆိုတာ ၄၄%မှာဖြစ်တဲ့ အများဆုံးအမျိုးအစားဖြစ်တယ်။ အံဆုံးက ရှေ့ဖက်ဆီကို ငေါထွက်နေတာမျိုး။ အထက် အံဆုံးဆိုရင် နုတ်ရတာ အခက်ဆုံးနဲ့ အောက်အံဆုံးဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
  • Vertical impaction ဆိုတာက ၃၈% သွားဖုံးအထက်ကို ထွက်မလာနိုင်တာမျိုး။
  • Distoangular impaction ဆိုတာက ၆% အံဆုံးက နောက်ဖက်ဆီ ကစောင်းထွက်နေတာမျိုး။ အောက်အံဆုံးဆိုရင် နုတ်ရတာအခက်ဆုံးနဲ့ အထက်အံဆုံး ဆိုရင် နုတ်ရတာ သိပ်လွယ်တယ်။
  • Horizontal impaction ဆိုတာ ၃% အံဆုံးက ဘေးဖက်ဆီကို ၉ဝ ဒီဂရီစောင်းထွက်နေတာမျိုး။
  • အထက်အံဆုံးက သွားဖုံးကပွင့်နေပြီး ထွက်မလာနိုင်လို့ နုတ်ရရင် အရိုးကို ဖယ်ပေးရတတ်တယ်။

Partial eruption အံဆုံးက အကုန်မထွက်နိုင်ရင် အပေါ်မှာ အဖုံးလိုဖြစ်နေတာကို Operculum ခေါ်တယ်။ သူ့အောက်မှာ ဗက်တီးရီးယားတွေ အောင်းနေနိုင်တယ်။ သွားတိုက်တံနဲ့ လုပ်ပေးတာလဲ မရဖြစ်နေတတ်တယ်။ အပ်မပါတဲ့ ဆေးထိုးပိုက် သုံးပြီး လုပ်နိုင်တယ်။ ပြီးရင် Hydrogen peroxide ဆေးရည်နဲ့ ဆေးပါ။ နီရဲပြီးရောင်နေမယ်။ ပါးစပ်ဟလို့ ခက်မယ်။ ခံတွင်းနံ့ ဆိုးလာမယ်။ Extraction သွားနုတ်ရမယ်။ ဒါမှမဟုတ် Operculectomy ခွဲစိတ်ရမယ်။ ခွဲစိတ်တာကြောင့် အာရုံကြောကိုထိခိုက်မိရင် လျှာထုံတာ ယာယီဖြစ်နေမယ်။ ကံမကောင်းရင် တသက်လုံး ဖြစ်သွားနိုင်တယ်။ နာတာရှည်ရောင်တာဖြစ်နေတာကို Chronic pericoronitis ခေါ်တယ်။ Paradental cyst အိတ်လိုလဲ ဖြစ်နိုင်တယ်။

သွားထိခိုက်မိတာ၊ သွားပိုးစားတာ၊ သွေးအလျှောက်လို့ သေနေတဲ့သွားတွေကြောင့် သွားပိုးဝင်တာဖြစ်လာနိုင်တယ်။ ပိုးဝင်တာဟာ သွားထဲက Pulp အပျော့လွှာမှာဖြစ်နိုင်တယ်။ သွားအနားက Bone အရိုးမှာလဲ ဖြစ်နိုင်တယ်။ Gum tissue သွားဖုံးတစ်ရှူးမှာလဲဖြစ်နိုင်တယ်။

ပဋိဇီဝဆေးတွေက ဗက်တီးရီးယားတွေကို သေစေနိုင်ပေမဲ့ သေနေတဲ့သွားကိုတော့ သက်ရောက်နိုင်မှာ မဟုတ်ပါ။ ဗက်တီးရီးယားတွေက ပဋိဇီဝဆေးယဉ်တာတွေလဲရှိတယ်။ Erythromycin (အရစ်သရိုမိုင်စင်)၊ Metronidazole (မက်ထရို နိုက်ဒါဇောလ်)၊ Amoxicillin (အမောက်ဆလင်) နဲ့ Cephalosporins (ကက်ဖလိုစပိုရင်) ဆေးတွေကိုပေးတယ်။

အနာအကိုက်သက်သာဆေးတခုခုလိုပါမယ်။ ဥပမာ Ibuprofen 200-400 mg တနေ့ ၂-၃ ကြိမ်။ သွားနဲ့ခံတွင်းမှာ တခုခုဖြစ်တာတိုင်းအတွက် ဆားနဲ့ ရေနွေးသုံးပြီး ခံတွင်းဆေးတာကောင်းတယ်။ လေးညှင်းငုံတာက ထုံတဲ့အစွမ်းရတယ်။