နေ့လည်စာစားချိန်တွေမှာ ဘာလုပ်လေ့ရှိလဲ ? သင်ကော အလုပ်မှာ နေ့လည်စာစားပြီးရင် လမ်းလျှောက်လေ့ရှိပါလား? တကယ်တော့ နေ့လယ်ပိုင်း လမ်းလျှောက်ခြင်း သို့မဟုတ် “နေ့လည်စာ လမ်းလျှောက်ခြင်း” ဟာ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့အပြင် တီထွင်ဖန်တီးနိုင်စွမ်းကို မြှင့်တင်ပေးပြီး စိတ်ပိုင်းဆိုင်ရာ ကျန်းမာချမ်းသာမှုကို မြှင့်တင်ပေးပါတယ်။

ဒါကြောင့် အလုပ်မှာ နေ့လည်စာစားပြီးရင် လမ်းလျှောက်တတ်တဲ့အကျင့်ကိုလုပ်ပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရနိုင်မလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

နေ့လည်စာစားပြီး လမ်းလျှောက်တာက  ကယ်လိုရီတွေကို  လောင်ကျွမ်းစေပြီး သွေးလည်ပတ်မှုကို မြှင့်တင်ပေးပါတယ်။

နေ့လည်စာစားပြီး လမ်းလျှောက်တာက ခန္ဓာကိုယ်အတွက် အောက်ဆီဂျင်ကို တိုးမြှင့်ပေးပြီး သီးသန့်လုပ်စရာလည်းမလိုတဲ့ ကာဒီယို လေ့ကျင့်ခန်းတစ်ခုလည်း ဖြစ်ပါတယ်။

လမ်းလျှောက်ရုံနဲ့ အစာခြေစနစ်ကို အကျိုးပြုပြီး သွေးတွင်းသကြားဓာတ်အဆင့်ကို ထိန်းသိမ်းဖို့ ကူညီပေးပါတယ်။

ရာသီဥတုကောင်းရင် အပြင်မှာ လမ်းလျှောက်ထွက်ပါ။  သဘာဝအတိုင်း လမ်းလျှောက်တာက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက် ပိုကောင်းပါတယ်။

လုပ်ဖော်ကိုင်ဖက်နဲ့အတူတူ လမ်းလျှောက်ရင် လုပ်ဖော်ကိုင်ဖက်ကြား  ပိုမိုခိုင်မာတဲ့ အလုပ်ဆက်ဆံရေးကို ဖြစ်ပေါ်စေပါတယ်။

နေ့လည်စာစားပြီး လမ်းလျှောက်တာက ခန္ဓာကိုယ်ကို လှုပ်ရှားစေရုံသာမကဘဲ ခေါင်းကို ရှင်းလင်းစေပြီး မျက်လုံးများကို အနားယူစေပါတယ်။