သံပုရာသီးသည် အာရုံစူးစိုက်မှုကိုတိုးတက်စေခြင်း၊ စိတ်ဖိစီးမှုပမာဏကိုလျော့ကျစေခြင်း၊ အသက်ရှူလမ်းကြောင်းကိုကောင်းမွန်စေခြင်း အစရှိသည့် အမျိုးစုံသောအကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သည့်အတွက် နှစ်ပေါင်းများစွာကြာသည့်တိုင် ဆေးဖက်ဝင်အသီးအနေဖြင့် အသုံးပြုလာခဲ့ခြင်း ဖြစ်ပါတယ်။ ထိုကဲ့သို့ ကောင်းကျိုးအမျိုးမျိုးကို ပေးစွမ်းနိုင်သည့် သံပုရာသီးကို ညဘက်အိပ်စက်သည့်အခါ အိပ်ရာဘေးနားထားအိပ်ခြင်းဖြင့် မည်သည့်အကျိုးကျေးဇူးများ ရရှိလာစေနိုင်လဲဆိုတာကို သိရှိနိုင်စေရန်အတွက် ဝေမျှပေးလိုက်ရပါတယ်။

၁။ အသက်ရှူအားကောင်းစေခြင်း

အိပ်ပျော်ရန်ကြိုးစားနေသည့်အခါများမှာ သံပုရာသီးက အကူအညီပေးနိုင်သော်လည်း နှာခေါင်းပိတ်နေခြင်းက အနှောင့်အယှက်ပေးနိုင်ပါတယ်။ သံပုရာ၏ မွှေးပျံ့သည့်အနံ့သည် သင့်နှာခေါင်းပေါက်မှတဆင့် တိုးဝင်သွားကာ သင့်ကိုလျောလျောရှူရှူအိပ်ပျော်သွားစေနိုင်ပါတယ်။

၂။ လေကိုသန့်စင်ပေးခြင်း

သံပုရာသီးသည် လန်းဆန်းမွှေးပျံ့သောရနံ့ကိုသာ ပေးစွမ်းနိုင်တာမဟုတ်ဘဲ ပတ်ဝန်းကျင်ရှိလေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။

၃။ စိတ်ဖိစီးမှုကိုဖြေဖျောက်ပေးခြင်း

စိုးရိမ်ကြောင့်ကြမှုများနှင့် စိတ်ဖိစီးမှုများသည် အိပ်ရာဝင်ခါနီးအချိန်ဝန်းကျင်တွင် အဖြစ်များလေ့ရှိပါတယ်။ သို့သော်လည်း သံပုရာသီးအခြမ်းအနည်းငယ်ကို ဘေးနားထား၍ အိပ်စက်ပါက စိတ်နှင့်ခန္ဓာကို ဖြေဖျောက်မှုရရှိစေမှာဖြစ်ပါတယ်။

၄။ သွေးပေါင်ချိန်ကိုကျစေခြင်း

သံပုရာသီး၏ သင်းပျံ့သည့်ရနံ့သည် ပုံမှန်မြင့်မားသော သွေးပေါင်ချိန်ရှိသည့် သွေးတိုးသမားများကိုပင် သွေးပေါင်လျော့ကျစေသည့်အတွက် အသီးသာမက ရနံ့ပင်လျှင် လူများအတွက် အလွန်အထောက်အကူဖြစ်စေနိုင်ပါတယ်။

၅။ မနက်ခင်းတွင်ရွှင်လန်းတက်ကြွမှုကို ဖြစ်ပေါ်စေခြင်း

ညအိပ်တဲ့အချိန်တွင် သံပုရာသီးအခြမ်းလေးများကို အနားနားထားအိပ်ပြီးနောက် မနက်ခင်းရောက်ရှိတဲ့အခါမှာတော့ သင့်ကို လန်းဆန်းတက်ကြွ မှုရှိစေမှာဖြစ်ပါတယ်။