မနက်မိုးလင်း အိပ်ယာနိုးပြီးဆိုရင် ကော်ဖီသောက်ချင်တတ်ကြပါတယ်။ ကော်ဖီလောက် ဘယ်နိုးစက်မှ ကိုယ့်ကိုနိုးအောင် မနိုးနိုင်ပါဘူး။

မနက်မိုးလင်းလင်းချင်း အိပ်ချင်မူတူးဖြစ်နေချိန်မှာ ကော်ဖီပူပူလေးတစ်ခွက်က ကိုယ့်မျက်နှာကို လက်သီးနဲ့ထိုးလိုက်သလို လန်းဆန်သွားစေမှာပါ။

ဒါပေမယ့် ကော်ဖီကို ဗိုက်ထဲမှာ အစာမရှိဘဲ သူ့ချည်းဘဲ သောက်ရင် အစာခြေစနစ်ကို ဒုက္ခပေးနိုင်ပါတယ်။

ကော်ဖီက အစာအိမ်မှာ အက်ဆစ်ထုတ်တဲ့ ဓာတ်ကို တိုးမြင့်စေပြီး အစာအိမ်နံရံတွေကို ဒုက္ခပေးနိုင်ပါတယ်။

အစာအိမ်ထဲမှာ အစာမရှိဘဲ ကော်ဖီသောက်ရင် ကတုန်ကယင်ဖြစ်တာ၊ စိတ်တည်ငြိမ်မှုမရှိတာတွေ ဖြစ်တတ်ပါတယ်။

စိတ်ပူပင်မှုတွေကို တိုးမြင့်စေပြီး နှလုံးခုန်နှုန်းကို မြန်စေကာ အာရုံမစိုက်မှု ခက်ခဲစေပါတယ်။

လူ့ခန္ဓာကိုယ်ထဲမှာ မနက်မိုးလင်းတဲ့အချိန်မှာ လန်းဆန်းတက်ကြွစေဖို့ Cortisol ဓာတ်တစ်မျိုးထုတ်ပေးလေ့ရှိပေမယ့် မနက်တိုင်းမှာ ကော်ဖီချည်းဘဲ သောက်တာများရင် အဲ့ဒီဓာတ်ထုတ်လုပ်မှုကို လျော့ကျစေကာ သင့်ကို ပိုပြီး အိပ်ချင်စေမှာပါ။

34574899_475b187d77_o.0