တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နောက်ကိုလိုက်တာက ကောင်းတယ်ဆိုပေမယ့် ကျန်းမာရေးအတွက်တော့ သတိလေးနဲ့ယှဉ်ပြီး စဉ်းစားတတ်ဖို့ကအရေးကြီးပါသေးတယ်။ ရေဆိုတာ လူတစ်ယောက်အတွက် အသက်ဆိုပေမယ့် ဘေးအန္တရာယ်ဖြစ်စေလောက်အောင် ဖြစ်နိုင်တဲ့အချက်တွေလည်းရှိသေးတယ်နော်။

အခုနောက်ပိုင်းမှာ ရေသန့်စက်ရုံတွေကနေ ရေဘူးပေါင်းမြောက်မြားစွာထွက်နေပြီး အားလုံးကလည်းပလတ်စတစ်ဘူးတွေနဲ့ပဲပေါ့။ ပလတ်စတစ်ဘူးတွေနဲ့ ရေကိုသောက်တာ အချိန်ကြာလာတဲ့အခါမှာတော့ ချို့ယွင်းမှုတွေကို တဖြည်းဖြည်းတွေ့မြင်လာရနိုင်ပါတယ်။

Chemicals

ရေသန့်ဘူးတွေထဲမှာ ထည့်ထားတဲ့ရေတွေကို ကြာရှည်ထားပြီးသောက်သုံးနေတာမျိုးတွေက ဆင်ခြင်သင့်တဲ့ကိစ္စတစ်ခုပါ။ ရေသန့်ဘူးတွေအားလုံးနီးပါးမှာ Chemicals တွေပါဝင်နေပြီး တစ်ခါသုံးရေဘူးဆိုပြီးထုတ်လုပ်ထားတဲ့အတွက်ကြောင့် ရေကုန်သွားရင်တစ်ခြားရေထပ်ထည့်ပြီး သောက်သုံးတဲ့အလေ့အကျင့်တွေကို ပြောင်းလဲသင့်ပါပြီ။ နေရောင်ခြည်နဲ့ ထိတွေ့တဲ့အချိန်တွေမှာဆိုရင်လည်း ရေသန့်ဗူးထဲက Chemicals တွေထွက်လာပြီး ကျန်းမာရေးတွေကိုထိခိုက်လာစေနိုင်ပါတယ်။

ကလေးရဖို့ခက်ခဲလာမယ်

ရေသန့်ဗူးထဲကနေ ထွက်လာတဲ့ Chemical တွေက ခန္ဓာကိုယ်ထဲကိုရောက်သွားတဲ့အခါမှာ ငယ်ရွယ်တဲ့လူငယ်တွေအတွက် ကလေးရနိုင်ဖို့ အခွင့်အလမ်းတွေကိုလျော့နည်းလာစေနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်သည်တွေဆိုရင်လည်း ဗိုက်ထဲမှာရှိနေတဲ့ ကလေးငယ်ရဲ့ကျန်းမာရေးတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်နော်။

ဘက်တီးရီးယား

ရေဘူးတစ်ဘူးကိုဝယ်မယ် ရေကုန်သွားတဲ့အခါမှာ ရေထပ်ဖြည့်ပြီး ဒီပလတ်စတစ်ရေဘူးကိုပဲ ဆက်ပြီးတော့သုံးစွဲနေတာမျိုးက ရေဘူးထဲမှာ ဘက်တီးရီးယားများစွာကို ပြန့်ပွားစေနိုင်ပြီး ကူးစက်ရောဂါနဲ့ တစ်ခြားဖျားနာရောဂါတွေကို ဖြစ်လာစေနိုင်ပါတယ်။

ဘယ်လိုဖြေရှင်းကြမလဲ

လူတော်တော်များများက ပိုက်ဆံကုန်မှာကိုစိုးရိမ်နေတတ်ကြပါတယ်။ ရေသန့်ဘူးတစ်ဘူးကို ၃၀၀ ကျပ်ပေးဝယ်ပြီး နောက်ထပ်ရေတွေပဲ ထပ်ပြီးဖြည့်သောက်ဖို့လုပ်နေကြတာက ကျန်းမာရေးထိခိုက်စေနိုင်မယ့် မှားယွင်းမှုတစ်ခုပေါ့။ ကိုယ့်လမ်းသွားရင်းလည်း ရေသောက်တတ်တဲ့သူတစ်ယောက်ဆိုရင် ကွာလတီကောင်းတဲ့ရေဘူးတစ်ဘူးဆောင်ထားပြီး ရေသောက်တာက ပိုပြီးတော့စိတ်ချရပါတယ်။

Photo Source” Pinterest