ရှေးက ဆိုရိုးစကားတစ်ခုရှိပါတယ်။ “တစ်နေ့ ပန်းသီး တစ်လုံးစားရင် ဆရာဝန်ဆီသွားဖို့မလိုဘူး” ဆိုတဲ့ စကားပါ။ အခုတော့ “တစ်နေ့ ထောပတ်သီး တစ်လုံးစားရင် ဆရာဝန်ဆီ သွားဖို့ မလိုပါဘူး” လို့ပြောင်းရမလိုပါပဲ။ ထောပတ်သီးရဲ့ ကောင်းကျိုးတွေကို ပြောပြပါ့မယ်။

ထောပတ်သီးစားလို့ ဝိတ်မတက်ပါဘူး

Source: HuffPost

အသင့်စား အစားစာတွေ၊ ဆိုဒါ၊ အာလူးကြော်၊ အဖြူရောင် ပေါင်မုန့် စတာတွေဟာ သင့်ကို ဝိတ်တက်စေပါပါတယ်။ ဒါပေမယ့် ထောပတ်သီးကတော့ ထူးပြီး ဝစေမှာ မဟုတ်ပါဘူး။ ထောပတ်သီးမှာ Monounsaturated Fat နဲ့ သံလွင်ဆီလိုမျိုး Oleic အက်ဆစ်တို့ပါဝင်ပါတယ်။ ဒါတွေက လူတွေအတွက် ကောင်းမွန်ပြီး အလှတိုးစေတဲ့ အဆီတွေဖြစ်ပါတယ်။ Oleic အက်ဆစ်က နှလုံး ရောဂါဖြစ်နိုင်တဲ့ အန္တရာယ်ကိုလည်း လျော့ချပေးပြီး ကိုယ်အလေးချိန်ကိုလည်း မဝအောင် ထိန်းထားပေးနိုင်ပါတယ်။

မကြာခဏ အစားစာချင်စိတ်ရှိသူတွေ

Source: Multiple Sclerosis News Today

သင်ဟာ ခဏခဏ ဗိုက်ဆာ တတ်သူ၊ မကြာခဏဆိုသလို အစားစားတတ်သူဆိုရင် ထောပတ်သီးကို စားသင့်ပါတယ်။ ကျန်းမာရေးအတွက် သင့်တော်တဲ့ အဆီဓာတ်တွေပါဝင်တဲ့ အစားအစာဖြစ်တဲ့ ထောပတ်သီးတို့လို အစားအစာမျိုးကို စားသုံးလိုက်ရင် ဗိုက်ပြည့်နေသလို ခံစားရမှာပါ။ ဘာကြောင့်လဲဆိုတော့ ထောပတ်သီးမှာ ကျန်းမာရေးနဲ့သင့်တော်တဲ့ Fatty အက်ဆစ်၊ သကြားဓာတ်တွေ ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် နောက်ဆို အားလူးကြော်၁ ထုပ်စားမယ့်အစား ထောပတ်သီးကို စားသုံးပါနော်။ ခဏခဏ အစာစားချင်စိတ်ကို ဖျောက်ဖျက်ပေးလို့ ဝိတ်တက်ခြင်းကနေ ကာကွယ်ပေးပါလိမ့်မယ်။

အာဟာရများစွာ ကြွယ်ဝပါဝင် ထောပတ်သီး

Source: SheKnows

ထောပတ်သီး တစ်လုံးမှာ Amino Acids အမျိုးပေါင်း ၁၈ မျိုးလောက်ပါဝင်ပြီး၊ ထောပတ်သီး ၁၀၀ ဂရမ်မှာဆိုရင် ပရိုတင်း ၂ ဂရမ်လောက်ပါဝင်ပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်တွေလည်း ပါဝင်ပါတယ်။ Carotennoids ဓာတ်၊ Chorophyll ဓာတ်၊ Polyhdroxylated Fatty Alcohols စတဲ့ ဓာတ်ပေါင်းစုံလည်း ပါဝင်သလို ဗီတာမင် ဘီ (Folic Acid) နဲ့ ဗီတာမင် စီ နဲ့ အီးတို့လည်း ပါဝင်ပါတယ်။

ထောပတ်သီးကို အမျိုးမျိုး လုပ်စားမယ်

Source: School of Natural Health Sciences

ထောပတ်သီးကိုတော့ မြန်မာနိုင်ငံမှာ ဖျော်ရည်အဖြစ်ဖျော်သောက်ကြတာများပါတယ်။ ဒါပေမယ့် အနောက်နိုင်ငံရဲ့ ဟင်းလျာတွေမှာတော့ ထောပတ်သီးကို ထည့်ချက်ကြတာတွေ့ရပါတယ်။ ဥပမာ ပေါင်မုန့် အသားညှပ်မှာဆိုရင်လည်း ထောပတ်သီးကို ထည့်ပြီး လုပ်စားချက်တာတွေမျိုးပါ။

ရေရှည်ကျန်းမာရေး

Source: The Inertia

ထောပတ်သီးမှာ အဟာရတွေ ကြွယ်ဝစွာပါဝင်ပြီး အရသာ ရှိရုံသာမက ရေရှည်ကျန်းမာရေးကိုလည်း အထူးကောင်းမွန်ပါတယ်။ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အဆီဓာတ်တွေက သွေးအတွင်း သကြား ဓာတ်တွေကို ထိန်းညှိပေးရုံသာမက သွေးအတွင်း ကိုလက်စထရောဓာတ်တွေပါ ထိန်းသိမ်းပေးပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်မှာရှိတဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးပါတယ်။

Featured Image Source: Mother Nature Network