ကညွတ်ကိုအဓိက ဆီးချိုသမားနဲ့ အသည်းသမားတွေ စားကြပြီး လူတိုင်း ဘာကြောင့် စားသင့်ပါသလဲဆိုတဲ့ အကြောင်းပြချက်များက အံ့သြစရာကောင်းလှပါတယ်။ ကညွတ်ကို အလွယ်တကူ ဝယ်လို့ရပေမယ့် ဈေးတော့ နည်းနည်းကြီးပါတယ်။
ကညွတ်ဟာ ထိပ်ဖျားမှာ အဖူးပုံသဏ္ဍန်လို ရှိနေပြီး ရိုးတံဖြောင့်စင်းပုံစံမျိုးပါ။ အစိမ်းနဲ့ အညိုကို လှပအောင် စပ်ထားတဲ့ သူ့အရောင်ဟာ နှစ်သက်စဖွယ်ဖြစ်ပါတယ်။
လူတိုင်း ကညွတ်ကိုဘာကြောင့်စားသင့်လဲဆိုတော့….

၁။ကိုလက်စထရောနဲ့ အဆီဓာတ် မပါဝင်တဲ့အသီးအရွက်

ကညွတ်ဟာ မိုးဦးကျရာသီတွေမှာ ပိုပေါပြီး မြန်မာပြည်ရဲ့ စွတ်စိုတဲ့ ဒေသနဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ပါတယ်။ အရသာကတော့ ချိုစိမ့်စိမ့်ပါ။ ဓါးပြားရိုက်ပြီး ကြော်စားရင် အင်မတန်မှ နူးညံ့ပြီး စားမြိန်စေပါတယ်။ ကညွတ်မှာ ဘေးဖြစ်စေမယ့် ကိုလက်စထရောနဲ့ အဆီဓာတ် မပါဝင်တဲ့အတွက်ကြောင့် လူတွေရဲ့ ကျန်းမာရေးနဲ့ အတော်လေးကို ညီညွှတ်မျှတတဲ့ အစားအစာပါ။

၂။ပရိုတိန်းနဲ့အမျှင်ဓာတ်

ဗီတာမင် A, C, E, K, နဲ့ B6 တို့ ပါဝင်တဲ့ အပြင် သံဓာတ်၊ ကော့ပါး၊ ကယ်လ်ဆီယမ်၊ ပရိုတိန်းနဲ့ အမျှင်ဓာတ်တို့လည်း အချိုးကျ ပါဝင်ပါသေးတယ်။ အာဟာရပညာရှင်တွေရဲ့ တွေ့ရှိချက်အရ လူတွေနဲ့ အထူးသင့်လျော်တဲ့ အပင်တစ်မျိုးဖြစ်ပြီး ကင်စား ကြော်စားခြင်းဖြင့် ကျန်းမာရေးနဲ့ သင့်တင့်ကြောင်းပြောကြားထားပါတယ်။

၃။ခန္ဓာကိုယ် ရောင်ရမ်းခြင်းနဲ့ အရိုးအဆစ်တွေ ကိုက်ခဲခြင်း

ကညွတ်မှာ အစိမ်းနဲ့ အဖြူဆိုပြီး နှစ်မျိုးရှိပေမယ့် အစိမ်းရောင်ကတော့ ပိုပြီး ဆေးဖက်ဝင်ပါတယ်။ ကညွှတ်ကို ဆီးရွှင်ဆေးအဖြစ် သုံးကြပြီး သည်းခြေရောဂါသည်တွေ အတွက်ဆို အမြစ်ရည်ကို ပျားရည်၊ နွားနို့တွေနဲ့ ရောသောက်လို့ ရပါတယ်။ ကညွတ်မှာ ဗီတာမင် ဓာတ်ပေါင်းစု ပါဝင်တဲ့ အတွက် ခန္ဓာကိုယ် ရောင်ရမ်းခြင်းနဲ့ အရိုးအဆစ်တွေ ကိုက်ခဲခြင်း အရိုးပွခြင်းတို့မှ ကာကွယ်ပေးပါတယ်။

၄။ အဆီကျစေပါတယ်

မကောင်းတဲ့ အဆီဓာတ်တွေ မပါဝင်တဲ့ အတွက် အဆီလျှော့ပြီး ဝိတ်ထိန်းနေသူတွေ စားဖို့ သင့်တော်ပါတယ်။ နှလုံးကို ကျန်းမာစေပြီး နှလုံးရဲ့ လုပ်ဆောင်ချက်တွေ ပိုပြီး ကောင်းမွန်အောင် ဗီတာမင်ဓာတ်ပေါင်းစုနဲ့ ဖောလိတ် တို့က ကူညီပါလိမ့်မယ်။

၅။အူကိုသန့်စင်စေပါတယ်

ကစီဓာတ် တစ်မျိုးပါဝင်တဲ့ ကညွတ်ဟာ အူကို သန့်စေပြီး အူနဲ့ ပတ်သက်တဲ့ ကင်ဆာတွေ မဖြစ်စေဖို့ တာဝန်ယူပါတယ်။ ကညွတ်ကို ကလေးယူချင်တဲ့ အမျိုးသမီးတွေ စားပေးသင့်ပြီး အမျိုးသားများအတွက်လည်း ကျားခွန်အားဖြစ်စေပါတယ်။ ကညွတ်ထဲမှာ ပါတဲ့ ဓာတ်တစ်မျိုးဟာ အရွယ်တင်နုပျိုစေပြီး သွေးပေါင်ကိုလည်း ထိန်းညှိပေးပါတယ်။

၆။ဆီးချိုရောဂါ

အသည်းကို ကာကွယ်ပေးတဲ့ အတွက် Hangover ဖြစ်နေတဲ့ ကာလတွေမှာ စားပေးသင့်ပါတယ်။ ကညွတ်ဟာ ဆီးချိုသမားတွေ အတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ ရတနာပါပဲ။ သွေးအတွင်း သကြားကို စုပ်ယူပြီး အယ်ဆူလင်ထုတ်လွှင့်မှုကို တိုးပွားစေတဲ့ အတွက် ဆီးချိုသမားတွေ အင်မတန် စားသင့်တဲ့ အသီးအနှံတစ်မျိုးပါ။

၇။လွယ်ကူစွာမွေးဖွားနိုင်ပါတယ်

ဖောလစ်အက်ဆစ် ကြွယ်ဝတာကြောင့် ကိုယ်ဝန်ဆောင်သည်တွေ စားသုံးပေးသင့်ပါတယ်။ ကညွတ်လေးတောင့်မှာ ဖောလစ်အက်ဆစ် ၂၂ရာခိုင်နှုန်းထိ ပါဝင်တဲ့အတွက် မွေးဖွားတဲ့ အခါဖြစ်တတ်တဲ့ အခက်အခဲတွေကို ဖယ်ရှားပေးပါတယ်။